အာဖဂန်နစ္စတန်၌ ဘောပင်သေနတ်အများအပြားသိမ်းဆည်းရမိ

ကဘူး၊ ပြည်တွင်းရေး

အာဖဂန်နစ္စတန်နိုင်ငံ၌ သိုဝှက်ထားသော ဘောပင်သေနတ် အများအပြားကို သိမ်းဆည်း ရမိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အများအားဖြင့် အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ရာတွင် ထိုဘောပင် သေနတ်များကိုအသုံးပြုကြောင်းနှင့် ကဘူးမြို့၌ ပြီးခဲ့သည့်လများအတွင်း လုပ်ကြံ သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားကြောင်း သိရသည်။

ကျည်ဆန်တစ်တောင့်သာပါသည့် ထိုသေနတ်သည် ဘောပင်အစစ်နှင့်များစွာ ဆင်တူပြီး အလွယ်တကူသယ်ဆောင်နိုင်ကြောင်း သိရသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များသည် ဘောပင်သေနတ် ၄၈ ခုနှင့်အတူ အဝေးထိန်း ဗုံးများကိုလည်း ရှာဖွေတွေ့ရှိကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ အလုပ်လက်မဲ့ များပြားလာပြီး ဆင်းရဲမှုမြင့်တက်လာခြင်း တို့ကြောင့် နိုင်ငံအတွင်းလုံခြုံရေးမှာ အလွန်ဆိုးဝါးနေကာ ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက် ခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုတို့ဖြစ်ပွားလာကြောင်း သိရသည်။         

Ref: CAN