မုဒုံမြို့နယ်၌ တစ်နိုင်တစ်ပိုင် ပဲတောင့်ရှည်စိုက် တောင်သူများ မိသားစု အပိုဝင်ငွေရရှိ

မုဒုံမြို့နယ်၌ တစ်နိုင်တစ်ပိုင် ပဲတောင့်ရှည်စိုက် တောင်သူများ မိသားစု အပိုဝင်ငွေရရှိ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အနီး ဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ပဲတောင့်ရှည်စိုက်တောင်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိကြောင်း မုဒုံမြို့နယ် ဖယ်ဒိုကျေးရွာမှ   ပဲတောင့်ရှည်စိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပဲတောင့်ရှည်ကို    စိုက်ပျိုးပြီး တစ်လခွဲအကြာတွင် ခူးဆွတ်နိုင်ပြီး ဈေးကွက်အတွင်း ဒေသပေါက်ဈေး ပဲတောင့်ရှည် တစ်ပိဿာလျှင် ငွေကျပ်၂၅ဝဝ၊ တစ်စည်းငွေကျပ် ၆ဝဝ ရရှိသဖြင့် မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိသည်။

မုဒုံမြို့နယ်တွင် ရော်ဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မိသားစုစားသုံးရန်နှင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိနိုင်ရန် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြခြင်း ဖြစ်ကြောင်း သိရသည်။