တာချီလိတ်မြို့နယ်၌ လက်နက်၊ ခဲယမ်းနှင့် ငွေကျပ် ၆ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၊ သြဂုတ် - ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၅ ရက်မွန်းလွဲ ၂ နာရီခန့်တွင် ပန်ကူ(အခါ)ကျေးရွာအနီး အရောက်၌ မသင်္ကာဖွယ်အဆောက်အဦ ၁ လုံးအား တွေ့ရှိသဖြင့် ဝင်ရောက်ရှာဖွေရာ အဆောက်အဦအတွင်းမှ ၉ မမပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၇ တောင့်၊ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၇၃၀၀၀ ပြား၊ ပန်းရောင်/လိမ္မော်ရောင် စိတ်ကြွဆေးမှုန့် ၃၄၀ ကီလိုဂရမ်ခန့်၊ ကဖင်းအဖြူရောင်အမှုန့် ၆၀၀ ကီလိုဂရမ်ခန့် (စုစုပေါင်းမူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဒသမ ၃ ဘီလီယံကျော်)နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား တာချီလိတ်မြို့နယ်၊ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။