ကုန်းကြမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော်၊ သြဂုတ် - ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ကုန်းကြမ်းမြို့၏ အရှေ့မြောက်ဘက်မီတာ ၁၁၀၀၀ ခန့်အကွာသို့အရောက်၌ တောင်ယာတဲတစ်လုံး တွေ့ရှိပြီး မသင်္ကာသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးရာ ၎င်းတဲအတွင်းရှိ အမဲရောင် လွယ်အိတ်အတွင်းမှ WY နှင့် Y စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၉၇၀ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၁၀၀ ကျော်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ကုန်းကြမ်းမြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။