ဆွီဒင်က ယမကာအခွန်တိုးကောက်ပြီး ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မည်

စတော့ဟုမ်း၊ ပြည်တွင်းရေး

ဆွီဒင်အစိုးရသည် ယမကာအခွန်တိုးကောက်ပြီး ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ယမကာအခွန်နှင့်အတူ စီးကရက်၊ အီးစီးကရက်နှင့် နီကိုတင်းထုတ်ကုန်များကိုလည်း တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါအခွန်များတိုးမြှင့်ကောက်ခံမှုမှ ဆွီဒင်ခရိုနာ ၁ ဘီလီယံ အထိရရှိမည်ဟု မျှော်မှန်းရသည်။

အခွန်တိုးမြှင့်ကောက်ခံမှုများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အသက်ဝင်မည်ဖြစ် သည်။ ထိုသို့ယမကာအခွန်တိုးမြှင့် ကောက်ခံမှုသည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ် သည်။ ဆွီဒင်နိုင်ငံ၌ ယမကာရောင်းချမှုနှင့် အခွန်ကောက်ခံမှုများကို အစိုးရက အလွန် တင်းကျပ်စွာထိန်းချုပ်ထားပြီး အယ်ကိုဟောပမာဏ ၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် အထက်ပါ သည့် အဖျော်ယမကာများကို နိုင်ငံပိုင်ကုမ္ပဏီကသာ လက်ဝါးကြီးအုပ် ရောင်းချနေခြင်း ဖြစ်သည်။

ယခုကဲ့သို့အခွန်တိုးမြှင့် ကောက်ခံလိုက်သည့်အတွက် ဝိုင်တစ်လုံးလျှင် ၁ ခရိုနာနှင့် အရက် သေစာများမှာ ခရိုနာများစွာ ဈေးတက်သွားမည်ဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့် ယခုနှစ်အတွင်းမှာပင် နယ်စပ်များပိတ်ထားရသည့်တိုင် နိုင်ငံပိုင်ကုမ္ပဏီ၏ ဘီယာရောင်းချမှု ကစံချိန်တင်မြင့်တက်လာသည်။

ဇန်နဝါရီလမှ သြဂုတ်လအတွင်းရောင်းချရသည့် ဘီယာနှင့် ပန်းသီးအရက်ပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက လီတာပေါင်း ၂၆ သန်းခွဲ ပိုမိုရောင်းချရ ကြောင်းနှင့် ခရိုနာသန်း ၃၀၀ ဝင်ငွေရရှိကြောင်း သိရသည်။

Ref: Sputnik