ဖူဂျီဖလင်ကုမ္ပဏီ၏ အာဗီဂန်ဆေးက ကိုဗစ်-၁၉ လူနာများကို အချိန်တိုအတွင်း နာလန် ထူစေနိုင်

တိုကျို၊ ကျန်းမာရေး

ဂျပန်နိုင်ငံရှိ ဖူဂျီဖလင်ကုမ္ပဏီက ထုတ်လုပ်ထားသည့် အာဗီဂန်ဆေး၏ နောက်ဆုံး အဆင့် လက်တွေ့စမ်းသပ်မှုတွင် ရောဂါမပြင်းထန်သည့် ကိုဗစ်-၁၉ လူနာများကို အချိန်တိုအတွင်း နာလန်ထူစေနိုင်ကြောင်းတွေ့ရှိသည်ဟု အဆိုပါကုမ္ပဏီက စက်တင်ဘာ ၂၃ ရက်တွင် ပြောသည်။

နောက်ဆုံးအဆင့် စမ်းသပ်မှုတွင်ပါဝင်သည့် အာဗီဂန်ဆေးဝါးနှင့်ကုသမှုခံယူသူ လူနာ ၁၅၆ ဦးသည် ၁၁ ရက်ကျော်မှာပင် နာလန်ထူလာကြောင်းနှင့် အခြားဆေးဝါးများဖြင့် စမ်းသပ်ခံ နေသည့်လူနာများထက် အချိန်သုံးရက်ကျော်ပိုစောပြီး နာလန်ထူလာခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖူဂျီဖလင်ကုမ္ပဏီက အဆိုပါရလဒ်ကိုထုတ်ပြန်ပြီးနောက် ထိုကုမ္ပဏီ၏ အစုရှယ်ယာသည် လည်း ၄ ရာခိုင်နှုန်းတက်လာကြောင်းနှင့် လေးလအတွင်း အမြင့်ဆုံးသို့ တက်လာခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါအာဗီဂန်ဆေးသည် ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် တစ်ကမ္ဘာလုံးအဆင့် ယှဉ်ပြိုင်မှုတွင် ပါဝင်နိုင်သောဆေးဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက အမွှမ်းတင်ကာ ထိုဆေးကို နိုင်ငံအတွင်းအသုံးပြုရန် မေလတွင်ထောက်ခံချက်ရရှိမည်ဟု မျှော်မှန်းကြောင်း ပြောထားသည်။

အာဗီဂန်ဆေးသည် တုပ်ကွေးရောဂါအရေးပေါ် ကုသရေးအတွက် ပြည်တွင်းအသုံးပြုရန် ၂၀၁၄ ခုနှစ်တွင် ထောက်ခံချက်ရရှိထားသည်။ ဖူဂျီဖလင်ကုမ္ပဏီအနေဖြင့် အဆိုပါဆေးဝါးကို ပြည်တွင်း အသုံးပြုမှုအတွက် သုံးဆပိုမိုသိုလှောင်ထားရန် အစိုးရကတောင်းဆိုထားသည်။ ထို့ပြင် အာဗီဂန်ဆေးကို တောင်းဆိုလာသည့်နိုင်ငံများအား အဆိုပါဆေးကို လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း ဂျပန်အစိုးရကပြောထားသည်ဟု သိရသည်။

Ref: : CAN