အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်ပြန်မြင့်တက်

နယူးဒေလီ၊ ကျန်းမာရေး

အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၂၃ ရက် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၈၃၃၄၇ ဦးနှင့် သေဆုံးသူ ၁၀၈၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်သည် တစ်လနီးပါးအတွင်းအနိမ့်ဆုံးသို့ ရောက်ရှိပြီး တစ်ရက်အကြာတွင် ပြန်မြင့်တက်လာခြင်းဖြစ်သည်။ လူဦးရေ ၁ ဒသမ ၄  ဘီလီယံရှိသည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာတစ်ဝန်း၌တစ်ရက် အတွင်းဗိုင်းရပ်ကူးစက်မှု အမြင့် ဆုံးနိုင်ငံအဖြစ် အပြောင်းအလဲမရှိ ဆက်လက်ရပ်တည်နေသည်။

ထို့ပြင် နိုင်ငံအတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများသည်လည်း ရောဂါကူး စက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ဝန်နှင့်အားမမျှအောင် ကြိုးပမ်းနေရသည်။ အိန္ဒိယတစ်နိုင်ငံလုံး၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၅ ဒသမ ၆ သန်းကျော်ရှိပြီး ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံပြီးနောက် ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြောင်း သိရသည်။

Ref: CAN