ရှင်းကျန်းဒေသမှသွင်းကုန်များကို အမေရိကန်တားမြစ်မှု တရုတ်အပြစ်တင်ရှုတ်ချ

ပေကျင်း၊ နိုင်ငံရေး

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသမှ ထွက်ရှိသည့် သွင်းကုန်များကို အမေရိကန် အစိုးရက တားမြစ်မှုနှင့် ပတ်သက်၍ တရုတ်အစိုးရက စက်တင်ဘာ ၂၃ ရက် တွင် အပြစ်တင်ရှုတ်ချသည်။

တရုတ်အစိုးရက ရှင်းကျန်းဒေသ၌ အတင်းအကျပ် ဖိအားပေးအလုပ်ခိုင်းစေ နေသည်ဟူ သော အမေရိကန်အစိုးရ၏ ပြောဆိုမှုသည်လည်း လုပ်ကြံပြောဆိုခြင်းသာဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမေရိကန်အောက်လွှတ်တော်သည် ရှင်းကျန်းဒေသမှ သွင်းကုန်များတင်သွင်းမှု တားမြစ် ခြင်းဥပဒေကို စက်တင်ဘာ ၂၂ ရက် တွင် တညီတညွတ်တည်း ထောက်ခံထားသည်။ ထို့ကြောင့် အမေရိကန်၏ လုပ်ဆောင်မှုသည် ရှင်းကျန်းဒေသရှိ လူ့အခွင့်အရေး အခြေအနေ ကို မလိုမုန်းထား အသရေဖျက်ခြင်းသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ဘင်းက ပြောသည်။

ရှင်းကျန်းဒေသအရေးသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်သာဖြစ်ပြီး အမေရိကန် က ကြားဝင်စွက်ဖက်ပိုင်ခွင့်မရှိကြောင်းနှင့် အတင်းအကျပ်ဖိအားပေး အလုပ်ခိုင်းစေ သည်ဟူ သောပြောဆိုချက်သည် အနောက်နိုင်ငံများမှ အဖွဲ့အစည်းများ နှင့်ပုဂ္ဂိုလ်များ၏ လုပ်ကြံ ပြောဆိုမှုဖြစ် ကြောင်း ဝမ်ဝန်ဘင်းကဆက်ပြောသည်။

ရှင်းကျန်းဒေသသည် ကမ္ဘာ့ချည်မျှင် အထည်ထုတ်လုပ်မှု၏ အဓိကနေရာဖြစ်ကြောင်း၊    အမေရိကန်နိုင်ငံအတွင်းသို့ တင်သွင်းနေသော အဝတ်အထည်များ၏ ၂၀ ရာခိုင်နှုန်းတွင် ရှင်းကျန်းဒေသထွက် ဝါချည်မျှင်များ ပါဝင်နေကြောင်း သုတေသန တစ်ခုအရ သိရသည်။

Ref: The Straits Times