ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၊ သြဂုတ် - ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁ နာရီခွဲခန့်တွင် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်နေ ကျော်မင်းသူ(ဘ) ဦးလှသန်း၏နေအိမ်အား သတင်းအရ သွားရောက်ရှာဖွေရာ ကျော်မင်းသူနှင့်အတူ နေအိမ်မီးဖိုစင်အောက်မှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀၀ ပြား(မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၃၉၀၀ ခန့်)ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား ကော့သောင်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။