တစ်နိုင်တစ်ပိုင်မုန်ညင်း စိုက်ပျိုးရောင်းချခြင်းမှ မိသားစု အပိုဝင်ငွေများ ရရှိနေ

တစ်နိုင်တစ်ပိုင်မုန်ညင်း စိုက်ပျိုးရောင်းချခြင်းမှ မိသားစု အပိုဝင်ငွေများ ရရှိနေ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်၌ တစ်နိုင်တစ်ပိုင် မုန်ညင်းစိုက်ပျိုး ရောင်းချခြင်းမှ   မိသားစုအပိုဝင်ငွေများ ရရှိနေကြောင်း သိရသည်။

''ခြောက်လမုန်ညင်းမျိုးကို  သက်ငယ်၊ သက်လတ်နဲ့ သက်ကြီးဆိုပြီး သုံးမျိုးခွဲပြီး စိုက်ပျိုးပါတယ်။ သက်ငယ်မုန်ညင်းမျိုးကို တော့ ဝါဆိုလနဲ့ ဝါခေါင်လတွေမှာ စိုက် ပျိုးပါတယ်။   သက်လတ်မုန်ညင်းမျိုးကို တော့ တော်သလင်းလနဲ့ သီတင်းကျွတ်လ တွေမှာ  စိုက်ပျိုးပြီး  သက်ကြီး မုန်ညင်းမျိုး ကိုတော့ တန်ဆောင်မုန်းလကနေ တပေါင်း လအထိ စိုက်ပျိုးရောင်းချပါတယ်။ မုန်ညင်း  ၁ဝ စည်းပါ တစ်ထုံးကို ငွေကျပ် ၉ဝဝ နဲ့ ဖောက်သည်သွင်းပါတယ်။ မြို့ပေါ်ဈေးတွေ အပြင်    တခြားအမြို့မြို့ အနယ်နယ်ကိုလည်း တင်ပို့ရောင်းချပါတယ်'' ဟု မုန်ညင်း စိုက်ပျိုးရောင်းချသူ ဒေါ်နှင်းအေး ကပြော သည်။

အဆိုပါ ခြောက်လမုန်ညင်းမျိုးကို တစ်နှစ် လျှင်သုံးကြိမ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင်   ယခင်နှစ်ကထက်   ဈေးနှုန်း ပိုမိုရရှိသဖြင့် စိုက်ပျိုးသူများအနေဖြင့်  ဝင်ငွေများ တိုးပွားလျက်ရှိကြောင်း၊ မုန်ညင်း အပြင် တခြားရာသီပေါ် သီးနှံများဖြစ်သည့်  ဘူးသီး၊  ခဝဲသီး၊ ငရုတ်၊  ဗိုလ်စားပဲ၊ သခွား၊ ပဲတောင့်ရှည်နှင့် ကြက်ဟင်းခါးသီး စသည့် သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။