ပုစွန်ခြောက် ငါးခြောက်များ ဈေးနှုန်းမြင့်တက်

ပုစွန်ခြောက် ငါးခြောက်များ ဈေးနှုန်းမြင့်တက်

ရခိုင်ပြည်နယ်၌ ယခုရက်ပိုင်းတွင် အခြားကုန်ဈေးနှုန်းများနည်းတူ ရေထွက်ကုန်ပစ္စည်းဖြစ်သည့် ပုစွန်ခြောက်၊ ငါးခြောက်၊ ခရုခြောက်များမှာ ဈေးကွက်တွင် ဈေးနှုန်းမြင့်တက်လျက် ရှိကြောင်း သိရသည်။

စစ်တွေမြို့တွင် ယခင်က ငါးနီတူခြောက် တစ်ပိဿာလျှင်ငွေကျပ် ၆၅ဝဝ မှယခုငွေကျပ်၈ဝဝဝ၊ ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝဝ မှယခုငွေကျပ် ၂၃ဝဝဝ၊ ငါးမဲလုံး တစ်ပိဿာလျှင်ငွေကျပ် ၈ဝဝဝ မှ ယခုငွေကျပ် ၁ဝဝဝဝ၊ ခရုခြောက် တစ်ပိဿာလျှင်ငွေကျပ် ၆ဝဝဝမှ ယခုငွေကျပ် ၈ဝဝဝအထိ ဈေးကောင်းရရှိပြီး ရွှေပုစွန်ခြောက်မှာလည်း အရည်အသွေး အမျိုးအစားအလိုက် တစ်ပိဿာလျှင်ငွေကျပ်၃၅ဝဝဝ၊ ငွေကျပ် ၃ဝဝဝဝမှ ယခုငွေကျပ် ၅ဝဝဝဝ၊ ငွေကျပ် ၄ဝဝဝဝ၊ ငွေကျပ် ၃၂ဝဝဝ အထိဈေး နှုန်းရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိမြို့နယ် အသီးသီးတွင် သံတွဲမြို့ ပေါက်တောမြို့နယ် စိုးမဲကျီကျွန်းနှင့် ဆင်တမော်ကျွန်းတို့ဘက်မှ ထွက်ရှိသော ငါးခြောက်၊ ပုစွန်ခြောက်များကို ဈေးကွက်အတွင်း ရောင်းချလျက် ရှိကြောင်း သိရသည်။