ဧရာဝတီတိုင်း ဒေသကြီး၌ စိန်တစ်လုံး သရက်သီး လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ

ဧရာဝတီတိုင်း ဒေသကြီး၌ စိန်တစ်လုံး သရက်သီး လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၌  စိန်တစ်လုံး သရက်သီး လှိုင်လှိုင်ပေါ်ချိန်တွင်   ဈေး ကောင်းရရှိ၍  စိုက်ပျိုးသူများ အဆင်ပြေ လျက်ရှိကြောင်း  ဧရာဝတီတိုင်းဒေသကြီး မှ    စိန်တစ်လုံးသရက် စိုက်ပျိုးသူများ၏ပြောကြားချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် စိန်တစ်လုံး သရက်သီးများ ရောင်းချရာတွင် ၂ဝ၂၁ ခုနှစ် သရက်သီးပေါ်စက သရက်သီး ၁ဝ လုံးတစ်ဖာလျှင် ငွေကျပ် ၁၇ဝဝ မှ ၂၅ဝဝ အထိဈေးရှိပြီး  ၂ဝ၂၂ ခုနှစ် သရက်သီး လှိုင်လှိုင်ပေါ်ချိန်တွင် ငွေကျပ် ၃၅ဝဝ မှ ၄၅ဝဝ အထိရရှိသဖြင့်  ကုန်ကျစရိတ်ထက် ပိုမိုရရှိ၍     စိုက်ပျိုးသူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

''ဒီနှစ် စိန်တစ်လုံးသရက်   သီးကင်း စတင် သီးချိန်ကတည်းက ပွဲစားတွေ ရွာ အထိဆင်းပြီး ခြံပြတ်ဈေးဖြတ်ပြီး ဝယ်ယူကြပါတယ်။ အရင်နှစ်တွေက စိန်တစ်လုံးသရက်သီးပွဲစားတွေ  လာရောက်ဝယ်ယူမှု မရှိတာကြောင့်     သရက်သီးဈေးကွက် မကောင်းဘဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်'' ဟု  မအူပင်မြို့နယ်မှ  စိန်တစ်လုံးသရက်   စိုက်ပျိုးရေး လုပ်ငန်းရှင် ဦးနေဇော်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၌   မအူပင်၊ ကျိုက်လတ်၊ ညောင်တုန်း၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း စသည့်ဒေသများနှင့် ပတ်ဝန်း ကျင်ဒေသများဖြစ်သော ဘိုကလေးနှင့် မော် လမြိုင်ကျွန်းဒေသတို့၌လည်း စိန်တစ်လုံး သရက်ကို  စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ ပြီးခဲ့သည့်နှစ် စိန်တစ်လုံး သရက်သီးမှည့်ချိန်  ဇွန်၊  ဇူလိုင်လတို့တွင်  သရက်သီး ဈေးနှုန်းကျဆင်းသဖြင့်    ရသည့်ဈေးဖြင့်သာ ရောင်းချခဲ့ရကြောင်း  စိန်တစ်လုံး သရက်ခြံ လုပ်ငန်းရှင်များထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော စိန်တစ်လုံး သရက်သီးများကို  ပုသိမ်ဈေး ကွက်အပြင်  ရန်ကုန်နှင့်နေပြည်တော်တို့သို့လည်း     တင်ပို့ ရောင်းချနေကြောင်း သိရသည်။