ဘိုကလေးမြို့နယ်မှထွက်သော ရေချိုပုစွန်များ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားကောင်းနေ

ဘိုကလေးမြို့နယ်မှထွက်သော ရေချိုပုစွန်များ ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားကောင်းနေ

ဘိုကလေး  ဖေဖော်ဝါရီ  ၂၆

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ နယ်မှထွက်သော ရေချိုပုစွန်များပြည်တွင်း ဈေးကွက်တွင် ဝယ်လိုအားကောင်းနေခြင်းကြောင့် အရောင်းသွက်လျက် ရှိကြောင်း ဘိုကလေးမြို့နယ်ရှိ ပုစွန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်များမှ သိရသည်။

ဘိုကလေးမြို့နယ်သည် မွေးမြူရေးပုစွန် နှင့် သဘာဝဖမ်းဆီး ရရှိသည့်ပုစွန်ဟု နှစ်မျိုးထွက်ရှိကြောင်း၊  ပုစွန်အရောင်းအဝယ် လုပ်ငန်းသည် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပြည်ပတင်ပို့မှုကို ရပ်ထားရသည့် အတွက်  ရေချိုပုစွန်များကို  ပြည်တွင်း ဈေးကွက်တွင်သာ ရောင်းချနေရခြင်းဖြစ် ကြောင်း၊  ပြည်တွင်း ဟိုတယ်နှင့်စားသောက် ဆိုင်လုပ်ငန်းများ  ပြန်လည်ဖွင့်လာခြင်း၊ ကိုဗစ်စည်းကမ်းများ ဖြေလျှော့လာသဖြင့် ပြည်တွင်းဈေးကွက်တွင် ပုစွန်များ ရောင်းအားသွက်လာကြောင်း သိရသည်။

ဘိုကလေးမြို့နယ်ရှိ ပုစွန်ရောင်းဝယ် ရေးကုန်စည်ဒိုင်တစ်ဒိုင်လျှင် တစ်ရက်ရေချို ပုစွန်ပိဿာချိန် ၅ဝဝ မှ ၁၅ဝဝ အထိဝယ်ယူ ပြီး ရန်ကုန်မြို့နှင့် ပုသိမ်မြို့သို့ တင်ပို့လျက် ရှိကြောင်း၊  ရန်ကုန်မှတစ်ဆင့် နေပြည်တော် သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လက်ရှိ ပုစွန်ဈေးတွင် ပုစွန်ဘော့ချိတ် တစ်ပိဿာလျှင် ငွေကျပ် ၇၅ဝဝ မှ ၈၅ဝဝ၊ ပုစွန်ဆိတ်သေး တစ်ပိဿာလျှင် ငွေကျပ် ၄၅ဝဝ မှ ၅၅ဝဝ၊ ပုစွန်ဆိတ်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၉၅ဝဝ မှ ၁၂၅ဝဝ၊ ပုစွန်ပြောင်တုပ်ကြီး တစ်ပိဿာလျှင် ငွေကျပ် ၁၇၅ဝဝ မှ ၂၃ဝဝဝ စသည်ဖြင့်ဈေးနှုန်း အနိမ့်အမြင့်ရှိကြောင်း  သိရသည်။