ကျောက်ဆည်မြို့နယ်၌ ဆောင်းကုလားပဲ လျာထားဧကထက် ၁၅၄၅ ဧက ပိုမိုစိုက်ပျိုး

ကျောက်ဆည်မြို့နယ်၌ ဆောင်းကုလားပဲ လျာထားဧကထက် ၁၅၄၅ ဧက ပိုမိုစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့နယ်၌ ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ဆောင်းကုလားပဲ  စိုက်ဧက ၂၉၅၇၃ ဧက စိုက်ပျိုးရန်လျာထားရာ ၃၁၁၁၈ ဧက စိုက် ပျိုးပြီးဖြစ်၍ လျာထားဧကထက် ၁၅၄၅ ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း ကျောက်ဆည်မြို့နယ်     စိုက်ပျိုးရေး ဦးစီးဌာနမှ   သိရသည်။

ဆောင်းကုလားပဲများကို တိုက်နယ်(၁) ၌ ၁၈၉၅ ဧက၊ တိုက်နယ်(၂)၌ ၂ဝဝ၃ ဧက၊ တိုက်နယ်(၃)၌ ၃၆၃၉ ဧက၊ တိုက် နယ်(၄)၌ ၁၇၂၆ ဧက၊ တိုက်နယ်(၅)၌ ၂၄၃၁ ဧက၊ တိုက်နယ်(၆)၌ ၁၆၆၈ ဧက၊ တိုက်နယ်(၈)၌ ၄၃ဝ၇ ဧက၊ တိုက်နယ်(၉)၌ ၂၇၃၈ ဧက၊ တိုက်နယ်(၁ဝ)၌ ၂၈၈၆ ဧက၊ တိုက်နယ်(၁၁)၌ ၂၄၆၁ ဧက၊ တိုက် နယ်(၁၂)၌ ၃၈၁၉ ဧက စုစုပေါင်း ၂၉၅၇၃ ဧကစိုက်ပျိုးရန် လျာထားခဲ့ကြောင်း  သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ဆောင်းကုလားပဲများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက် နှုန်းကောင်းမွန်စေရေး  ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာများ စနစ်တကျပံ့ပိုး ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။