မြောင်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံရာသီက စိုက်ပျိုးထားသည့် ဆောင်းမြေပဲများ ရိတ်သိမ်းနေ

မြောင်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံရာသီက စိုက်ပျိုးထားသည့် ဆောင်းမြေပဲများ ရိတ်သိမ်းနေ

မြောင်   မတ်  ၃

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် တွင် ယခုနှစ် ဆောင်းသီးနှံရာသီက စိုက်ပျိုးထားသည့် ဆောင်းမြေပဲများ ရိတ်သိမ်းလျက်ရှိကြောင်း မြောင်မြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရသည်။

မြောင်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆောင်းမြေပဲ ၁၈၅၉၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါဆောင်းမြေပဲများကို ၂ဝ၂၂ ခုနှစ်  ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယခုအချိန် ကူးတို့ကုန်း၊ ညောင်ကြီး၊ ရွှေဘုံသာ၊ ဘူးကိုင်း၊ ပေါက် တော၊ ကျောင်းဖူးကုန်း စသည့်ကျေးရွာ ခြောက်အုပ်စုရှိ  စိုက်ဧက ခြောက်ထောင် ကျော်ကို ရိတ်သိမ်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မြောင်မြို့နယ်တွင်  မြေပဲစိုက်ပျိုးရာ၌ မကွေး ၁၁ မျိုးကိုသာ တန်းကြား ၉ လက်မ၊ ပင်ကြား ၄ လက်မ စိုက်ပျိုးနည်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး ယခု ၂ဝ၂၁-၂ဝ၂၂ ဆောင်းမြေပဲ စိုက်ပျိုးရာသီ၌ ၁၈၅၉၁ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ယခင်နှစ် ကာလတူ စိုက် ဧကထက် ၁၁၃၉ ဧက  ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် တွင် မြေပဲစိုက်ပျိုးရာ၌ ကုန်းစိုက်မြေပဲနှင့် ကျွန်းစိုက်  သို့မဟုတ်  ရေဝင်စိုက်မြေပဲဟူ၍ နှစ်မျိုး စိုက်ပျိုးလျက်ရှိရာ တောင်သူ လုပ်ငန်းသိမ်းချိန်တွင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်နှင့် မြေပဲဆီသန့် ဝယ်ယူသုံးစွဲသူများ အဆင်ပြေ ချောမွေ့စေရေး အတွက်  မြေပဲဆီဆုံ လုပ်ငန်းကိုလည်း   မိရိုးဖလာလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။