ပုပ္ပားတောင်မကြီး ပတ်ဝန်းကျင်ရှိ သီဟိုဠ်ပင်များ အဖူးအပွင့် လှိုင်လှိုင်ပွင့်သဖြင့် သီဟိုဠ်စေ့ ရောင်းချချိန် ဈေးကောင်းရရှိရန် စိုက်ပျိုးသူများ မျှော်လင့်

ပုပ္ပားတောင်မကြီး ပတ်ဝန်းကျင်ရှိ သီဟိုဠ်ပင်များ အဖူးအပွင့် လှိုင်လှိုင်ပွင့်သဖြင့် သီဟိုဠ်စေ့ ရောင်းချချိန် ဈေးကောင်းရရှိရန် စိုက်ပျိုးသူများ မျှော်လင့်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် မကြီးပတ်ဝန်းကျင်ရှိ    သီဟိုဠ်ပင်များ အဖူးအပွင့် လှိုင်လှိုင်ပွင့်သဖြင့်   သီဟိုဠ်စေ့ ရောင်းချချိန်တွင်   ဈေးကောင်းရရှိရန် စိုက်ပျိုးသူများ မျှော်လင့်နေကြောင်း လျှော် တောကျေးရွာ၌ သီဟိုဠ်စိုက်ပျိုးသူ ဦးမောင်ညို၏ ပြောကြားချက်အရ သိရသည်။

ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားတောင်မကြီး ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ဆင်ဆင်းကျေးရွာ၊ နဂါးလည်ကျေးရွာ၊ ဆည်ကျေးရွာ၊ စီးမ ကျေးရွာနှင့်    လျှော်တောကျေးရွာတို့၌ သီဟိုဠ်ပင်အမြောက်အမြား စိုက်ပျိုးကြပြီး  ယခင်နှစ်များက သီဟိုဠ်စေ့တစ်တင်းလျှင် ငွေကျပ်  ၅ဝဝဝဝ  မှ  ၆ဝဝဝဝ  အထိ  ရောင်းချခဲ့ရသော်လည်း   ယခုနှစ်တွင် ငွေကျပ်  ၁ဝ၈ဝဝ မှ  ၂ဝဝဝဝ  ဖြင့်သာ ရောင်းချရကြောင်း သိရသည်။

သီဟိုဠ်ပင်သည် နှစ်ရှည်ပင်အမျိုးအစား ဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ ၁ဝ နှစ်အတွင်း အသီးသီးနှုန်း ကောင်းမွန်ကာ အပင်သက် တမ်း ၁ဝ နှစ်ကျော်လျှင် အပင်သာကြီး လာပြီး    အသီးသီးနှုန်း လျော့နည်းလာကြောင်း၊ ထို့ကြောင့်  သီဟိုဠ်ပင်များနေရာတွင် တခြားဈေးကွက်ဝင်မည့် သီးပင်များ   အစားထိုးစိုက်ပျိုးမှု များလာကြောင်းနှင့် အစားထိုးစိုက်ပျိုးရာတွင် ကီလိုမာလကာ၊ နဂါးမောက်၊ စိန်တစ်လုံးသရက်များ စိုက် ပျိုးလာကြောင်း သိရသည်။

သီဟိုဠ်ပင်များသည် ပြာသိုနှင့် တပို့တွဲလတို့တွင် အပွင့်စတင်ပွင့်ပြီး ကဆုန်နှင့် နယုန်လတို့တွင် ရင့်မှည့်ကာ ကြွေကျသည့် သီဟိုဠ်စေ့များ   ကောက်ယူကြကြောင်း၊   သီဟိုဠ်စေ့ပေါ်ချိန်တွင်    လျှော်တော ကျေးရွာတစ်ရွာတည်းပင်လျှင် သီဟိုဠ်စေ့ တင်း  ၃ဝဝ  ကျော်ထွက်ရှိကြောင်း  သိရသည်။