ချင်းပြည်နယ် အတွင်းရှိ ခရိုင်များ၌ ပဲမျိုးစုံစိုက်ဧက ၁၃ဝဝဝ ကျော် စိုက်ပျိုးပြီးစီး

ချင်းပြည်နယ် အတွင်းရှိ ခရိုင်များ၌ ပဲမျိုးစုံစိုက်ဧက ၁၃ဝဝဝ ကျော် စိုက်ပျိုးပြီးစီး

ချင်းပြည်နယ်အတွင်း ခရိုင်များ၌ ပဲမျိုးစုံ စိုက်ဧက ၁၃ဝဝဝ ကျော် စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။

၂ဝ၂၁-၂ဝ၂၂ စိုက်ပျိုးရာသီ၌ ချင်းပြည်နယ်အတွင်းရှိ ဟားခါးခရိုင်၊  ဖလမ်းခရိုင်နှင့် မတူပီခရိုင်တို့တွင်   ပဲမျိုးစုံကို  မိုးသီးနှံစိုက်ပျိုးရာသီတွင် ၁၁၅၇၃ ဧကနှင့် ဆောင်းသီးနှံ  စိုက်ပျိုးရာသီတွင် ၂၂၆ဝ ဧက စုစုပေါင်း ၁၃၈၃၃ ဧက စိုက်ပျိုးပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''၂ဝ၂၁-၂ဝ၂၂ စိုက်ပျိုးရာသီမှာ ပဲမျိုးစုံသီးနှံ စိုက်ပျိုးပြီးစီးမှုအနေနဲ့ ယခုအချိန်ထိ ဧက ၁၃ဝဝဝ ကျော် စိုက်ပျိုးပြီးစီးပြီ    ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ ပဲအမျိုးအစား ၁ဝ မျိုးကျော် စိုက်ပျိုးနေတာဖြစ်ပြီးတော့ ပဲပုပ်၊  ပဲလွမ်း၊  ပဲစင်းငုံ၊  ပဲယဉ်း၊ စားတော်ပဲတို့ကို   အဓိကထား စိုက်ပျိုးလျက်ရှိပါတယ်''ဟု ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးက ပြောသည်။

ခရိုင်အလိုက်  စိုက်ပျိုးပြီးစီးမှုအနေဖြင့် ဟားခါးခရိုင်တွင် ၁၇၇ဝ ဧကကိုလည်းကောင်း၊ ဖလမ်းခရိုင်တွင် ၁ဝ၉၇၄ ဧကကို လည်းကောင်း၊ မတူပီခရိုင်တွင် ၁ဝ၈၉ ဧကကိုလည်းကောင်း စုစုပေါင်း ၁၃၈၃၃ ဧကကို  စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးထံမှ သိရသည်။

ချင်းပြည်နယ်အတွင်းရှိ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ထောပတ်ပဲ၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်၊ ပဲလွမ်း၊ ပဲစင်းငုံ၊ ပဲယဉ်း၊ ပဲကြီး၊ စားတော်ပဲ စသည့် ပဲအမျိုးအစားများကို   စိုက်ပျိုးလျက်ရှိပြီး ပဲလွမ်းနှင့် ပဲယဉ်းကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။