ညောင်လေးပင်မြို့နယ်၌ ပြောင်းဖူးဈေးကောင်း ရရှိ၍ ဖူးစားပြောင်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိ

ညောင်လေးပင်မြို့နယ်၌ ပြောင်းဖူးဈေးကောင်း ရရှိ၍ ဖူးစားပြောင်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အတွင်း ဖူးစားပြောင်း စိုက်ပျိုးသူ တောင်သူများအနေဖြင့်  ယခုနှစ်တွင် ပြောင်းဖူးဈေးကောင်း၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 ညောင်လေးပင်မြို့နယ်ရှိ တောင်သူများသည် မိုးစပါး စိုက်ပျိုးပြီးပါက ဖူးစားပြောင်းကို  ဆောင်းသီးနှံအဖြစ် RICH -135 မျိုးများ စိုက်ပျိုးလေ့ရှိကြပြီး တစ်ဧကကုန်ကျစရိတ် ဆယ်သိန်းကျော်ရှိကာ ဖြစ်ထွန်းအောင်မြင်ပါက  တစ်ဧကလျှင် ပျမ်းမျှ ခုနစ်သိန်းနှင့် ကိုးသိန်းကြားခန့် အမြတ်အစွန်းရရှိကြသည်။

''မနှစ်ကပြောင်းဈေးညံ့တယ်။ သိပ်အဆင်မပြေဘူး။ ဒီနှစ်တော့ ပြောင်းဈေးကောင်းတော့ ကျွန်တော်တို့ ပြောင်းစိုက်တဲ့ တောင်သူတွေ   အဆင်ပြေတာပေါ့''ဟု တောင်သူဦးတင်ငွေ ကပြောသည်။

ညောင်လေးပင်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ မြေသြဇာစနစ်တကျ သုံးစွဲနိုင်စေရေး၊ ပိုးမွှားကျရောက်မှုမှ ကာကွယ်နိုင်ရေးနှင့် တစ်ဧက အထွက်နှုန်း တိုးတက်စေရေးတို့ အတွက် စိုက်ပျိုးပညာပေး ဝန်ထမ်းများက နည်းစနစ်များကို တောင်သူများအား ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြပြီး ယခုနှစ်တွင် ဖူးစားပြောင်းစိုက်ဧက ၉၄၅ ဧကလျာထားရာ ၉၃၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း  သိရသည်။