ထီးချိုင့်မြို့နယ်၌ ယခုနှစ်အတွင်း စိုက်ပျိုးသည့်ကြံများ ဈေးကောင်းရရှိ

ထီးချိုင့်မြို့နယ်၌ ယခုနှစ်အတွင်း စိုက်ပျိုးသည့်ကြံများ ဈေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ထီးချိုင့်မြို့နယ်၌ ယခုနှစ်အတွင်း စိုက်ပျိုး သည့်ကြံများ  ဈေးကောင်းရရှိနေကြောင်း   ထီးချိုင့်မြို့နယ်   စိုက်ပျိုးရေး ဦးစီးဌာန    ဦးစီးမှူး ဒေါ်တင်ဆန်း၏ ပြောပြချက်အရ သိရသည်။

၂ဝ၂၁ ခုနှစ်က ထီးချိုင့်မြို့နယ်မှထွက် ရှိသည့် ကြံတစ်တန်လျှင် ငွေကျပ် ၄၃ဝဝဝ ရရှိပြီး ယခုနှစ်တွင် ကြံတစ်တန်လျှင် ငွေ ကျပ်  ၆ဝဝဝဝ  ရရှိကာ  ဈေးကောင်း ရရှိ နေကြောင်း သိရသည်။

''မနှစ်က   ကြံတစ်တန်ကို   ငွေကျပ် ၄၃ဝဝဝ  ပဲရတယ်။  ဒီနှစ်  သကြားဈေး ကောင်းတဲ့အတွက် ကြံတစ်တန်ကို ငွေကျပ် ၆ဝဝဝဝ ရရှိတယ်။ သကြားဈေးကောင်း တော့ ကြံဈေးကောင်းတယ်'' ဟု ဒေါ်တင် ဆန်း ကပြောသည်။

ထီးချိုင့်မြို့နယ်၌ ကြံစိုက်ပျိုးမှု အနေဖြင့် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ယနေ့ အထိ ကြံစိုက်ဧက ၆၅၈၅ဝ စိုက်ပျိုးထားကြောင်း သိရသည်။

''ဒေသခံတောင်သူတွေက ကြံကို ပုံမှန် စိုက်ကြပါတယ်။ မနှစ်ကလည်း ကြံစိုက် ဧက ၆၅၈၅ဝ စိုက်တယ်။ ဒီနှစ်လည်း ကြံစိုက်ဧက ၆၅၈၅ဝ စိုက်တယ်'' ဟု ဒေါ်တင် ဆန်းက ပြောသည်။

ကြံစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ်ခြောက်သိန်းနှင့် ခုနစ်သိန်း ကြားရှိပြီး ကြံတစ်ဧကလျှင် တန် ချိန် ၃ဝ ခန့်ထွက်ရှိကြောင်း သိရသည်။

ကြံစိုက်ပျိုးမှုအနေဖြင့်   စစ်ကိုင်းတိုင်းဒေသကြီး၌ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင် နှင့် ကသာခရိုင်တို့၌ စိုက်ပျိုးကြပြီး ကသာခရိုင်နှင့် ကန့်ဘလူခရိုင်တို့၌ ကြံစိုက်ပျိုးမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ကြံစိုက်ပျိုးရာတွင် အထွက်ကောင်းမျိုးဖြစ်သည့် K- 95/84 ၊ နဝဒေး-၄ ၊ ဆင်းရွှေလီမျိုးများကိုလည်း စိုက်ပျိုးကြကာ  မိုးစိုက်နှင့် ရေတင်စိုက်ပျိုးမှုကို   ဦးစားပေး စိုက်ပျိုးကြောင်း သိရသည်။