မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရိုင်မြန်မာ့ အာမခံရုံးအား သေနတ်ပြခြိမ်းခြောက်၍ ငွေများလုယက်ယူဆောင်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရိုင်မြန်မာ့ အာမခံရုံးအား သေနတ်ပြခြိမ်းခြောက်၍ ငွေများလုယက်ယူဆောင်

နေပြည်တော်၊ မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခရိုင်မြန်မာ့ အာမခံရုံးအား သေနတ်ပြခြိမ်းခြောက်၍ ငွေများလုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ခရိုင်မြန်မာ့အာမခံရုံ; အရှေ့သို့ PDF အမည်ခံ အကြမ်းဖက်သမား ၇ ဦးက ဆိုင်ကယ် ၄ စီးဖြင့် သေနတ်များ ကိုယ်စီကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရုံးအတွင်းသို့ ဝင်ရောက်လာကာ ရုံးအတွင်းရှိနေသည့် ခရိုင်တာဝန်ခံ ဒေါ်ခင်မျိုးသီ(၅၉)နှစ် (ဘ) ဦးသန်းမောင်ပါ ဝန်ထမ်း ၉ ဦးတို့အား သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ် ၃,၂၃၈,၀၀၀ ခန့်၊ လက်ကိုင်ဖုန်း ၆ လုံး၊ မှတ်ပုံတင်နှင့် ဝန်ထမ်းကတ်များအား လုယက်ယူဆောင်ကာ ဆိုင်ကယ်များ ဖြင့် ပြန်လည် မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ခရိုင်မြန်မာ့အာမခံရုံးဝင်းအတွင်းသို့ ဝင်ရောက်ကာ ရုံးအတွင်းရှိ ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ငွေများအား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်း ဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ  ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။