ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့် ကိစ္စရပ်များမပါ)အား ဧပြီလကုန်အထိ တိုးမြှင့်သတ်မှတ်

ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့် ကိစ္စရပ်များမပါ)အား ဧပြီလကုန်အထိ တိုးမြှင့်သတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ

အသိပေးကြေညာချက်

၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက်

(၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်)

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်ပါ သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့် ကိစ္စရပ်များမပါ)အား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်ထားပါကြောင်း အသိပေး ကြေညာအပ်ပါသည်။