စားအုန်းဆီ တစ်ပိဿာလျှင် (အနိမ့်ဆုံး ငွေကျပ် ၅၄၄၀ မှ အမြင့်ဆုံးငွေကျပ် ၆၂၄၀)ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

စားအုန်းဆီ တစ်ပိဿာလျှင် (အနိမ့်ဆုံး ငွေကျပ် ၅၄၄၀ မှ အမြင့်ဆုံးငွေကျပ် ၆၂၄၀)ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော်   ဧပြီ   ၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ် သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံနှင့်  အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့်  FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိရာ မတ် ၂၈ ရက်မှ ဧပြီ ၃ ရက်အတွက် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို (၅၂၂၅ ကျပ်ြ ၆၃၀၀ ကျပ်)   ထုတ်ပြန်ထားရှိသည်။

ယခုအပတ်တွင်း နိုင်ငံတကာတွင်ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေများအရ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်းများ ကျဆင်းလာပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB  ဈေးနှုန်းများအပေါ် အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်မှ ဧပြီ ၁၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာလျှင် ငွေကျပ် ၆၀ ခန့် လျော့နည်းခဲ့ပြီး    စားအုန်းဆီ တစ်ပိဿာလျှင် (အနိမ့်ဆုံး ငွေကျပ် ၅၄၄၀ မှ အမြင့်ဆုံးငွေကျပ် ၆၂၄၀) ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာန၏ Website: www.doca.gov.mm နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း  သိရသည်။