ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၂၀၂၂ ခုနှစ် ဧပြီလကုန်တွင် ရည်မှန်း လူဦးရေ၏ ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၂၀၂၂ ခုနှစ် ဧပြီလကုန်တွင် ရည်မှန်း လူဦးရေ၏ ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဧပြီ   ၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အရှိန်အဟုန်တိုးမြှင့် ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ မတ် ၃၁ ရက်  နံနက် ၁၀ နာရီခွဲတွင် ကျင်းပရာ   ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် နှစ်ကုန်တွင်  ရည်မှန်းလူဦးရေ၏  ၅၀ ရာခိုင်နှုန်းကျော် ထိုးနှံပေးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလကုန်တွင် ရည်မှန်း လူဦးရေ၏ ရာနှုန်းပြည့်   ထိုးနှံပြီးစီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိကြောင်း၊    ကာကွယ်ဆေး လွှမ်းခြုံမှု အားကောင်းခဲ့၍ စတုတ္ထလှိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်းနှင့်   သေဆုံးမှု လျော့နည်းခဲ့ပြီး ဖြေလျှော့မှုများဖြစ်သည့် လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်နိုင် ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊စတုတ္ထလှိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုများမှာ ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံထားသူ အများစု ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းသည် အထူးအရေးပါသည့် ကဏ္ဍဖြစ်သည့်အတွက် အောင်မြင်သည်အထိ ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း  မှာကြားသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများမှ မြို့နယ်များအလိုက် အရှိန်အဟုန်မြှင့်တင်၍ ကာကွယ်ဆေးထိုးနှံရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်မည့် အစီအမံများကို အသေးစိတ်တင်ပြ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရာခိုင်နှုန်းကို တွက်ချက်ရာတွင် ရည်မှန်းလူဦးရေစာရင်း တိကျမှန်ကန်ရေး အတွက်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ အသက် ၁၈နှစ်အောက် ပြည်သူလူထုများ၊ ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေး စီမံဆောင်ရွက်ရန်၊ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုကောင်းမှသာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျလာမည်ဖြစ်ကြောင်း    ဆွေးနွေးသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းမှ စီမံချက်မန်နေဂျာနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ  ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့်  တာဝန်ရှိပုဂ္ဂိုလ်များက  Virtual  စနစ်ဖြင့် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။