ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ စာသင်ကျောင်းအား PDF အမည်ခံ အကြမ်းဖက် သမားများက ဆင်ခြင်တုံတရားမဲ့စွာ ဒေသန္တရလက်လုပ်ရီမိုင်းဖြင့်ဖောက်ခွဲ၊ ၄၀ မမ ဗုံးသီး များဖြင့် ပစ်ခတ်တိုက်ခိုက်

ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ စာသင်ကျောင်းအား PDF အမည်ခံ အကြမ်းဖက် သမားများက ဆင်ခြင်တုံတရားမဲ့စွာ ဒေသန္တရလက်လုပ်ရီမိုင်းဖြင့်ဖောက်ခွဲ၊ ၄၀ မမ ဗုံးသီး များဖြင့် ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဧပြီ - ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အတွင်းရှိ အခြေခံ ပညာအလယ်တန်းကျောင်း(မြောက်အင်း)၏ မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများက ‌မိုင်းထောင်ထားကြောင်းသိရှိရသဖြင့် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် အကြမ်းဖက် သမားများက ဒေသန္တရလက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းဝန်း အတွင်းသို့ လည်း ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်ခဲ့သည်။

ထိုသို့ PDF အမည်ခံအကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် အခြေခံပညာ အလယ်တန်းကျောင်း(မြောက်အင်း)၏ တန်းစီကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အဆောက် အဦများထိခိုက်ဒဏ်ရာ၊ ပျက်စီးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရှိရသည်။

NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလမ်း ကြောင်းကို ဆောင်ရွက်လျက်ရှိသည့် လူငယ်များ၏ ကြိုးစားအားထုတ်မှုများအပေါ် မနာလို မရှုစိတ်များဖြင့် ယုတ်မာပက်စက်သော အကြံဉာဏ်ဖြင့် ဖျက်လိုဖျက်ဆီး ပြုလုပ် ခဲ့ကြောင်းကို တွေ့ရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယခုကဲ့သို့ ဖြစ်စဉ်မဖြစ်ပွားစေရေးအတွက် လုံခြုံရေးလုပ်ငန်းများကို အထူးဆောင်ရွက်လျက်ရှိပြီး အထက်ပါအကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်ခဲ့သူများအား ရှာဖွေဖော်ထုတ် ချေမှုန်း၊ သုတ်သင်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်း ဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်း ထုတ်ပြန်အပ်ပါသည်။