မန်ယူအသင်းအဓိက တိုက်စစ်မှူး စီရော်နယ်ဒို အဖျားရောဂါကြောင့် လက်စတာအသင်းနှင့် ပွဲစဉ်ကို လွဲချော်ခဲ့သော်လည်း အဲဗာတန်အသင်းနှင့် ပွဲစဉ်တွင် ပြန်လည် ပါဝင်နိုင်မည်

မန်ယူအသင်းအဓိက တိုက်စစ်မှူး စီရော်နယ်ဒို အဖျားရောဂါကြောင့် လက်စတာအသင်းနှင့် ပွဲစဉ်ကို လွဲချော်ခဲ့သော်လည်း အဲဗာတန်အသင်းနှင့် ပွဲစဉ်တွင် ပြန်လည် ပါဝင်နိုင်မည်

မန်ယူအသင်း အဓိကတိုက်စစ်မှူး    စီရော်နယ်ဒိုသည် အဖျားရောဂါကြောင့်  လက်စတာအသင်းနှင့် ပွဲစဉ်ကို လွဲချော်ခဲ့သော်လည်း အဲဗာတန် အသင်းနှင့်ပွဲစဉ်တွင်   ပြန်လည် ပါဝင်နိုင်မည်ဖြစ်ကြောင်း   သိရသည်။

စီရော်နယ်ဒိုသည် ယခုဘောလုံး ရာသီတွင် ဂျူဗင်တပ်စ်အသင်းမှ  မန်ယူအသင်းသို့ ပြောင်းရွှေ့ကစား ခဲ့ခြင်းဖြစ်ပြီး အသင်းတိုက်စစ်ပိုင်းတွင် အဓိကကစား သမားအဖြစ် ဦးဆောင်နေသူဖြစ်သည်။ ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ ပွဲကစားပြီး  ၁၂  ဂိုးသွင်းယူနိုင်ခဲ့ကာအသင်းတွင်  သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပေါ်တူဂီအသင်းနှင့် ပူးပေါင်းပြီး နိုင်ငံတကာပွဲစဉ်များ ကစားခဲ့သော်လည်း မန်ယူအသင်းနှင့် ပြန်လည်ပူးပေါင်းချိန်တွင် အဖျားရောဂါကြောင့် လက်စတာ အသင်းနှင့် ပွဲစဉ်၌ အသင်းကစားသမား စာရင်းတွင်ပင် မပါဝင်ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုမပါဝင်နိုင်သည့် မန်ယူအသင်း တိုက်စစ်ပိုင်းသည်   လက်စတာအသင်းနှင့် ပွဲစဉ်တွင် ရုန်းကန် ခဲ့ရပြီး ပြိုင်ဘက်အသင်း၏ ဦးဆောင်ခြင်းကို ခံခဲ့ရကာ ပွဲချိန် ၆၆ မိနစ်မှသာ ကွင်းလယ် ကစားသမား ဖရက်ဒ်က ချေပဂိုး သွင်းယူပေးနိုင်သည့် အတွက် သရေရလဒ် ရရှိခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် လက်စတာအသင်းနှင့် သရေ ရလဒ်ရရှိပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ပိုမို မရေမရာဖြစ်လာပြီး လက်ကျန်ပွဲစဉ်များကို ရုန်းကန်ရဖွယ် ရှိကြောင်း သိရသည်။