ရခိုင်ပြည်နယ်မှ ထွက်သည့် ကဏန်းနှင့်ပုစွန်များကို ဒေသတွင်း စားသုံးမှုအပြင် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ

ရခိုင်ပြည်နယ်မှ ထွက်သည့် ကဏန်းနှင့်ပုစွန်များကို ဒေသတွင်း စားသုံးမှုအပြင် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ

ရခိုင်ပြည်နယ်မှထွက်သည့် ကဏန်းနှင့် ပုစွန်များကို   ဒေသတွင်းစားသုံးမှုအပြင် ရန်ကုန်မြို့သို့    တင်ပို့ရောင်းချလျက်ရှိ ကြောင်း  မာန်အောင်မြို့မှ  ရေထွက်ကုန် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရ သည်။

ရခိုင်ပြည်နယ်မှ ရေထွက်ကုန် လုပ်ငန်းရှင်များသည် ယခင်က ကဏန်းနှင့်ပုစွန်များကို  တရုတ်နိုင်ငံသို့  အဓိက တင်ပို့ခဲ့ကြသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေများ ကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ခွင့်မရသည့် အတွက်  ရခိုင်ပြည်နယ်အတွင်း ရောင်းချ ခြင်းအပြင် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ လျက်ရှိသည်။

“ ကဏန်းနဲ့ ပုစွန်တွေကို ရခိုင်ပြည်နယ်အတွင်းမှာ  ရောင်းချသလို  ရန်ကုန်မြို့ကို လည်း တင်ပို့ပါတယ်။ လက်ရှိမှာ ကဏန်း ဈေးကတော့ ကျတယ်။ အရင်က တစ်ကီလို ကို ငွေကျပ် ၁၀၀၀၀ ကျော်ရပေမယ့် အခု ငွေကျပ် ၆၀၀၀ ဝန်းကျင်ပဲရတယ်။ ကျောက် ပုစွန်လည်း ဈေးကျတယ်” ဟု ၎င်းကပြော သည်။

ကဏန်းနှင့်ပုစွန်များကို အဓိကရောင်းချ နေသည့် ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ ပေါက် တောနှင့် စစ်တွေမြို့ရှိ ရေထွက်ကုန်လုပ်ငန်း ဒိုင်တချို့သည် တရုတ်နိုင်ငံသို့ တင်ပို့ခွင့်မရ သည့်အတွက် ရန်ကုန်မြို့သို့သာ တင်ပို့ လျက်ရှိပြီး ကဏန်းတစ်ကီလိုလျှင် ငွေကျပ် ၆၀၀၀ ဝန်းကျင်ဖြင့် ရောင်းချနေရကြောင်း သိရသည်။

ထို့ပြင်   ကျောက်ပုစွန်ဈေးနှုန်းသည် လည်း ယခင်က တစ်ကီလိုလျှင် ငွေကျပ်  ၈၀၀၀၀  ရရှိခဲ့ရာမှ  လက်ရှိတွင်   ငွေကျပ် ၃၀၀၀၀  ဝန်းကျင်သာ ရရှိကြောင်း  သိရသည်။