အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်းက သြစတြေးလျ အသင်းကို ဂိုးပြတ် အနိုင်ရ

အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်းက သြစတြေးလျ အသင်းကို ဂိုးပြတ် အနိုင်ရ

ရန်ကုန်  ဧပြီ  ၅

မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ယနေ့နံနက်ပိုင်းတွင် အာဆီယံဖူဆယ်ချန်ပီယံရှစ် ၂၀၂၂ (AFF Futsal Championship 2022)   အုပ်စု(ခ) ဒုတိယမြောက် ပွဲစဉ်အဖြစ် ကမ္ဘာ့အဆင့် ၃၃ ရှိ သြစတြေးလျ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၆ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိသည်။

  မြန်မာအသင်းတွင် ဂိုး ကျော်ထက်အောင်နှင့်အတူ မျိုးသက်အောင်၊ ချမ်းသာ၊ မျိုးမြင့်စိုး၊ ခင်ဇော်လင်းတို့ဖြင့် ပွဲထွက်ခဲ့ပြီး ခံစစ်ကို စနစ်တကျကစားကာ ပြိုင်ဘက်အားရင်ဆိုင်ပြီး ဂိုးရရှိရေးအတွက် လျင်လျင်မြန်မြန်ဖြင့် ပြန်လည်ထိုးဖောက် တိုက်စစ်ဆင်ခြင်းကြောင့် ပွဲအစ၄ မိ နစ်တွင်သိုင်းဘွဲ့အောင်က ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး သြစတြေး လျအသင်း အတွက် ပွဲချိန် ၁၀ မိနစ်တွင် အန်ထော်နီဟာဒ်က ပြန်လည်ချေပဂိုး သွင်းယူသည်။

  မြန်မာအသင်းအတွက် ပွဲချိန် ၁၆ မိနစ်တွင် ငြိမ်းမင်းစိုးက ထပ်မံသွင်းယူခဲ့သည့် အတွက် မြန်မာအသင်းက ပထမပိုင်း အပြီးတွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိသည်။

   ထို့အပြင်ဒုတိယပိုင်းတွင် မြန်မာအသင်းအတွက် ဂိုးများကို ၂၄မိနစ်တွင်ဟိန်းမင်းစိုး၊ ၂၅မိနစ်တွင် ငြိမ်း မင်းစိုး၊ ၃၂ မိနစ်တွင်သိုင်းဘွဲ့အောင်တို့က အနိုင်ဂိုးများ သွင်းယူခဲ့ကြပြီး ၂၇ မိနစ်တွင် ဒိုင်လန်နစ္စကီက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သဖြင့်မြန်မအသင်း (၁-၆) ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

  ယနေ့ပွဲစဉ်အပြီးတွင် မြန်မာ့လက်ရွေးစင် အသင်းနည်းပြ Mr. Bunlert Cheo Warang က “ ဒီနေ့ပွဲမှာလည်း ကျွန်တော်ကစားသမားတွေ ကျွန်တော့်ရဲ့နည်း စနစ်တွေကို အကောင်းဆုံး လိုက်ကစားနိုင်ခဲ့ပါတယ်။ ကစားကွက်ကို သေချာလိုက် ကစားနိုင်ခဲ့ပါတယ်။ ခံစစ်ကစားပုံ ကောင်းခဲ့သလို  တန်ပြန်တိုက်စစ် ကစားပုံလည်း ကောင်းခဲ့ပါတယ်။ တီမောနဲ့ကစားမယ့် ပွဲစဉ်မှာလည်းရှေ့နှစ်ပွဲလိုပဲ  အကောင်းဆုံး  ပြင်ဆင်ပြီး အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားသွားမှာပါဟု ပြောကြားသည်။

    မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFF Futsal Championship ၂၀၂၂ ပြိုင်ပွဲ အုပ်စု(ခ)၏ နောက်ဆုံး ပွဲစဉ်အဖြစ် ဧပြီလ ၆ ရက် (ယနေ့) နေ့ လယ် ၁ နာရီတွင် အရှေ့တီမော အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။