ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၄၁၈  ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၉၅ ဦး တွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၇၁ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၄၁၈  ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၉၅ ဦး တွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၇၁ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဧပြီ  ၆

ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၅-၄-၂၀၂၂ ရက် ည ၈ နာရီမှ ၆-၄-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၄၁၈ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၉၅ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၇၁ ရာခိုင်နှုန်း ရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၇၃၂၂၀၆ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၁၂၀၀၇၉ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၀၆ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၀၄၆၄ ဦးရှိပြီဖြစ်သည်။ ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတစ်ဦး ရှိပါသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၃၄ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၅-၄-၂၀၂၂ ရက်အထိ လူဦးရေ စုစုပေါင်း ၂၇၄၂၅၃၂၃ ဦးအား ထိုးနှံပေးပြီးဖြစ်၍    ပထမအကြိမ် ထိုးနှံပြီးစီးသူ ၅၄၀၁၆၃၅ ဦး၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ ၂၂၀၂၃၆၈၈ ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၁၁၃၀၆၉၉ ဦး ရှိပြီဖြစ်သည်။သို့ဖြစ်ပါ၍ ၅-၄-၂၀၂၂ ရက် အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ   စုစုပေါင်း ၅၀၅၇၉၇၁၀ ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း  ကျန်းမာရေး ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားသည်။