ကမ္ဘာ့ဘောလုံး လောကတွင် ဈေးကွက်တန်ဖိုးအများဆုံး ကွင်းလယ်ကစားသမား ၁၀ ဦးစာရင်းတွင် ကင်မစ်ချ်က စတာလင်ပေါင်  ၈၅ သန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်

ကမ္ဘာ့ဘောလုံး လောကတွင် ဈေးကွက်တန်ဖိုးအများဆုံး ကွင်းလယ်ကစားသမား ၁၀ ဦးစာရင်းတွင် ကင်မစ်ချ်က စတာလင်ပေါင်  ၈၅ သန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်

Transfer Marke ၏ ထုတ်ပြန်ချက်များအရ လက်ရှိ   ကမ္ဘာ့ဘောလုံးလောကတွင် ဈေးကွက် တန်ဖိုးအမြင့်ဆုံး ကစားသမားအဖြစ် ဘိုင်ယန်မြူးနစ် အသင်းကွင်းလယ် ကစားသမား ကင်မစ်ချ်က စတာ လင်ပေါင် ၈၅ သန်းဖြင့် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဝက်စ်ဟမ်းအသင်း က ၎င်းတို့အသင်း ကွင်းလယ်ကစားသမား ဒီကလန် ရိုဒ်အတွက် ပြောင်းရွှေ့ကြေးစတာလင်ပေါင် သန်း ၁၅၀ ရရှိမှသာလျှင် ရောင်းချမည်ဟု ကြေညာခဲ့သော်လည်း Transfer Market ၏ ဈေးနှုန်းသတ်မှတ်မှုများ အရ ဒီကလန်ရိုဒ်၏ ဈေးကွက်တန်ဖိုးမှာ စတာလင် ပေါင်  ၇၅  သန်းသာရှိနေပြီး  ကင်မစ်ချ်၏နောက် ဒုတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

Transfer Market ၏ ဈေးကွက်တန်ဖိုး အမြင့်ဆုံး ကစားသမား ၁၀ ဦးစာရင်း၌ ကင်မစ်ချ်နှင့် ဒီကလန် ရိုဒ်တို့၏ နောက်တွင်  မန်စီးတီးအသင်းမှ  ရိုဒရီက စတာလင်ပေါင် သန်း ၇၀ ဖြင့် အဆင့်(၃)၊ လက်စတာ အသင်းမှ အန်ဒီဒီက သန်း ၆၀ ဖြင့် အဆင့်(၄)၊ လီဗာပူးအသင်းမှ ဖာဘင်ဟိုက သန်း ၆၀ ဖြင့် အဆင့် (၅)၊  လိဒ်အသင်းမှ ကယ်ဗင်ဖီးလ်လစ်က သန်း ၅၀ ဖြင့် အဆင့် (၆)၊ ရီးယဲလ်မက်ဒရစ်အသင်းမှ ကာစီ မီရိုက သန်း ၅၀ ဖြင့်အဆင့်(၇)၊ ချယ်လ်ဆီးအသင်းမှ ကန်တီက သန်း ၅၀ ဖြင့်ပင် အဆင့်(၈)၊ ဝက်စ်ဟမ်း အသင်းမှ ဆူချက်က ၄၅ သန်းဖြင့် အဆင့်(၉)နှင့် ချယ်လ်ဆီးအသင်းမှ ဂျော်ဂျင်ဟိုက  ၄၅ သန်းဖြင့် အဆင့်(၁၀)နေရာ၌ အသီးသီး ရပ်တည်လျက်ရှိကြောင်း သိရသည်။      

Ref;Transfer Market.com