မြန်မာဖူဆယ်အသင်း ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှား အသင်းနှင့် တွေ့ဆုံ

မြန်မာဖူဆယ်အသင်း ဆီမီးဖိုင်နယ်တွင် အင်ဒိုနီးရှား အသင်းနှင့် တွေ့ဆုံ

နေပြည်တော်  ဧပြီ  ၇

၂၀၂၂ အာဆီယံ  ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ထိုင်းနိုင်ငံ၌ ဆက်လက် ကျင်းပမည်ဖြစ်ရာ မြန်မာအသင်း အုပ်စုပထမဖြင့်   အာရှအဆင့် ၁၀ ရှိသည့် အင်ဒိုနီးရှားအသင်းနှင့် ဧပြီ ၈ ရက် (ယနေ့) မြန်မာစံတော်ချိန်  မွန်းလွဲ ၂ နာရီတွင်ကစားမည်ဖြစ်သည်။

အုပ်စုပွဲစဉ်များအပြီးတွင်    အုပ်စု(ခ)၌ မြန်မာနှင့်ဗီယက်နမ် အသင်းတို့ ရမှတ်ခုနစ်မှတ်စီ တူညီခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် မြန်မာအသင်းက အုပ်စုပထမ၊ ဗီယက်နမ်အသင်းက အုပ်စုဒုတိယ ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး အုပ်စု(က)၌ ထိုင်းနှင့် အင်ဒိုနီးရှားတို့ ရမှတ် ၁၀ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်ဖြင့် ထိုင်းအသင်းက အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းက အုပ်စုဒုတိယ  အသီးသီးရရှိပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များ မြန်မာနှင့်    အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်အသင်းတို့  တွေ့ဆုံနေခြင်းဖြစ်သည်။

မြန်မာအသင်းမှ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုများ မျိုးမြင့်စိုးမှ (မြန်မာ-ဗီယက်နမ်)ပွဲစဉ်တွင် လည်းကောင်း၊ ငြိမ်းမင်းစိုးမှ (သြစတြေးလျ-မြန်မာ)ပွဲစဉ်တွင် လည်းကောင်း၊ မျိုးထက်အောင်မှ (မြန်မာ-တီမော) ပွဲစဉ်တွင် လည်းကောင်း   အသီးသီး ရရှိခဲ့သည်။

မြန်မာအသင်းမှာ ယခု AFF Futsal Championship ပွဲစဉ်ကစားရာမှာ ကမ္ဘာ့အဆင့် (၈၄) မှ(၇၉)သို့ လည်းကောင်း အာရှအဆင့် (၃၄) မှ (၁၈) သို့ ရောက်ရှိကြောင်း သိရသည်။