၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွ

ရက်စွဲ၊ ၈-၄-၂၀၂၂

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များတွင် ၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခု(နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တို့မှ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်လွှာခေါ်ယူထားပါကြောင်း၊ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ မေလ(၆)ရက်နေ့၊ နောက်ဆုံးထား၍ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန   Website ဖြစ်သည့် www.hrh.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။                      

 ကျန်းမာရေးဝန်ကြီးဌာန