လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာမည့် တိုက်စစ်မှူး လီဝန်ဒေါစကီးကို တခြားထိပ်တန်း အသင်းကြီးများထက် မန်ယူအသင်းက ခေါ်ယူနိုင်ရန် နီးစပ်နေ

လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာမည့် တိုက်စစ်မှူး လီဝန်ဒေါစကီးကို တခြားထိပ်တန်း အသင်းကြီးများထက် မန်ယူအသင်းက ခေါ်ယူနိုင်ရန် နီးစပ်နေ

လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင်   ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာမည့် တိုက်စစ်မှူး   လီဝန်ဒေါစကီးကို    မန်ယူအသင်းက တခြားထိပ်တန်း အသင်းကြီးများထက် ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း သိရသည်။

အသက်   ၃၃    နှစ်အရွယ် လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ် အသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး      လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင်     အသင်းနှင့်လမ်းခွဲရန် ဆုံးဖြတ်ထားသူဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းက အစောပိုင်းကတည်းက ပြောင်းရွှေ့ကြေး  စတာလင်ပေါင် သန်း ၆၀ ရရှိလျှင် ရောင်းချမည်ဟု   ထုတ်ပြန်ထားပြီးနောက်   ဥရောပ ထိပ်တန်းအသင်းကြီးများက အပြိုင်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

အစောပိုင်းက  လီဝန်ဒေါစကီးကို   ဘာစီလိုနာ အသင်းကခေါ်ယူရန်  တရားဝင်ကမ်းလှမ်းမှုများ ရှိခဲ့သော်လည်း   အသင်းဘဏ္ဍာရေး အကျပ်အတည်း ကြောင့် လက်လျှော့ခဲ့ပြီးနောက်  လက်ရှိတွင် မန်ယူ အသင်းက ခေါ်ယူရန် ထိပ်ဆုံးမှ ရေပန်းစားနေခြင်းဖြစ်သည်။

မန်ယူအသင်းသည် လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် နည်းပြ အပြောင်းအလဲနှင့်အတူ  ကြီးကြီးမားမား အပြောင်းအလဲပြုလုပ်မည်  ဖြစ်ပြီး   လီဝန်ဒေါစကီးကို    အစောပိုင်းကတည်းက ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။