မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအနောက်ဘက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် ရေမောင်းနှင်သည့် ပန့်စက်ရုံအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအနောက်ဘက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် ရေမောင်းနှင်သည့် ပန့်စက်ရုံအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဧပြီ ၁၀

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအနောက်ဘက်ရှိ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင်၊ လက်ပံတိုနှင့် သာကြီးတောင်ရေနံမြေတို့သို့ ရေမောင်းနှင် ပေးပို့သည့် ရေမောင်းနှင်သည့် ပန့်စက်ရုံအား ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် ပေါက်မြို့နယ်၊ သမားတော် ကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင်၊ လက်ပံတိုနှင့်သာကြီးတောင်ရေနံမြေတို့သို့ ရေမောင်းနှင်ပေးပို့သည့် ရေမောင်းနှင်သည့် ပန့်စက်ရုံ အား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အဆိုပါပန့်စက်ရုံဝင်းအတွင်း ထားရှိပြီး ရေမောင်းနှင်လျက်ရှိသည့် အမေရိကန်နိုင်ငံထုတ် အင်ဂျင်ပန့်စက် ၂ လုံး၏ ကွန်ပျုတာဘောက်နှင့် အော်တိုနေတာ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ၁၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံတော်ပိုင် စက်ယန္တရားများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း  သတင်းရရှိသည်။