နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဧပြီ - ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား  တပ်မတော်ဧည့်ဂေဟာ၊ အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများကို ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊  ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ပြင်ဦးလွင်ဒေသ၌ ကော်ဖီစီမံကိန်းဖြစ်ပေါ်လာမှု၊ စိုက်ပျိုးမြေအသုံးချထားရှိမှုနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိမှု

ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံတကာကော်ဖီဈေးကွက် အခြေအနေများ၊ ကော်ဖီ စိုက်ပျိုးရေး နည်းပညာနှင့် စိုက်ပျိုးမှုဧရိယာ တိုးချဲ့လုပ်ဆောင်ပေးနိုင်မည့် အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် တို့က ပြင်ဦးလွင်မြို့နယ်အတွင်း၌ ကော်ဖီစီမံကိန်းဖြစ်ပေါ်လာမှု အခြေ အနေများ၊ မြို့မြေ၊ မြေလွတ်မြေရိုင်း ဧရိယာအတွင်းနှင့် သစ်တောဧရိယာများ၌ ကော်ဖီစိုက်ပျိုးထားရှိမှု အခြေအနေများ၊ စီမံကိန်းများချထားပေးမှုအပေါ် မြေအသုံးချ ဆောင်ရွက်ထားရှိမှု မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် စိုက်ပျိုးမြေများကို အခြားနည်းဖြင့် အသုံးချထားရှိမှုများကို တွေ့ရှိရသည့် အခြေအနေ များ၊ စိုက်ပျိုးမြေ စည်းမျဉ်းသတ်မှတ်ချက်များအား လိုက်နာမှုမရှိပါကစည်းမျဉ်း စည်းကမ်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို လုပ်ငန်းရှင် များသို့ အကြောင်းကြားထားရှိသည့် အခြေအနေများ၊ ကော်ဖီ စိုက်ပျိုးနည်း သင်တန်း များ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည့် အခြေအနေများ၊ မျိုးစေ့နှင့် ပျိုးပင်များကို ဖြန့်ဖြူး ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်သည်များကို အစိုးရမှ ဦးဆောင် ဆောင်ရွက်ပေးနိုင်ရေး တင်ပြဆွေးနွေး

ယင်းနောက် တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင်များက ကော်ဖီ စိုက်ပျိုးရေးစီမံကိန်းကို ဖော်ဆောင်ရာတွင် အစိုးရတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကော်ဖီလုပ်ငန်းရှင်များအားလုံး ညီညီညွတ်ညွတ် ဖြင့်  လုပ်ငန်းအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ ကော်ဖီစီမံကိန်းများ စတင်ဆောင်ရွက်ပေးခဲ့စဉ် လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာ့ဈေးကွက်နှင့် ကမ္ဘာ့ဈေးကွက် ချိတ်ဆက်ဆောင် ရွက်နိုင်ခဲ့ခြင်းမရှိသည့်အတွက် ကော်ဖီလုပ်ငန်းရှင်များ ထိခိုက်နစ်နာခဲ့ရသည့် အခြေ အနေများ၊ မြန်မာနိုင်ငံကော်ဖီလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်း၍ နိုင်ငံတကာ ကော်ဖီ ဈေးကွက်ကို ထိုးဖောက်နိုင်ရေးဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကော်ဖီသည် အလား အလာကောင်းသည့် ဈေးကွက်ရရှိလာပြီဖြစ်သည့်အခြေအနေများ၊ ကော်ဖီလုပ်ငန်း အောင်မြင်စွာဖြစ်ပေါ်လာရေး၊ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရေး အတွက် အစိုးရအဖွဲ့မှ တာဝန်ရှိသူများမှ ဦးဆောင်၍ လုပ်ငန်းရှင်များအားလုံး ကြိုးပမ်း ဆောင်ရွက်ရန်လိုသည့် အခြေူအနေများ၊ အစိုးရမှ ခွင့်ပြုပေးထားသည့်  စိုက်ပျိုးမြေ ဧရိယာများအတွင်း တရားမဲ့ဝင်ရောက်နေထိုင်ခြင်း၊ ရာသီသီးနှံများ စိုက်ပျိုးခြင်း တို့ ကြောင့် ကော်ဖီလုပ်ငန်းရှင်များ၏ထိခိုက်နစ်နာနေရမှုများကို ဖြေရှင်းဆောင်ရွက်ပေး စေလိုသည့် အခြေအနေများကိုတင်ပြကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကော်ဖီလုပ်ငန်း အောင်မြင်စေရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် လမ်းညွှန်မှာကြားဖြေရှင်းဆောင်ရွက်ပေး

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တင်ပြချက်များတွင်ပါဝင်သည့် မြို့မြေ၊ မြေလွတ်မြေရိုင်း ဧရိယာ အတွင်းနှင့် သစ်တောဧရိယာများ၌ ကော်ဖီစိုက်ပျိုးရန် လုပ်ပိုင်ခွင့်ပေးထားမှု များကို အခြားနည်းလမ်းများဖြင့် အသုံးချထားရှိမှုများ၊ စိုက်ပျိုးခြင်းမရှိမှုများသည် အမှန် တကယ် လုပ်ငန်းဆောင်ရွက်နေသူများကို ထိခိုက်နစ်နာစေနိုင်သဖြင့် သတ်မှတ် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် နိုင်ငံတော်မှ ခွင့်ပြုချက်ပေးထားသည့် မြေဧရိယာ များဖြစ်သည့်အတွက် အခြားနည်းများဖြင့် အသုံးချဆောင်ရွက်နေမှုများကို လက်ခံ၍ ရနိုင်မည်မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းနှင့် အညီသာ ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း၊ စိုက်ပျိုးမြေအတွင်း အဆောက်အဦးဆောက်လုပ်ခွင့်များနှင့် ပတ်သက်၍ လုပ်ငန်းအတွက်လိုအပ်သည့် အထောက်အကူဖြစ်စေနိုင်သည့် အဆောက်အဦ ဆောက်လုပ်ခွင့်များကို ခေတ်ကာလနှင့် လျော်ညီသည့် အဆောက်အဦများ ခွင့်ပြု ပေးနိုင်ရေး ပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ဖြေရှင်း ဆောင်ရွက်ပေးသည်။

မြန်မာ့ကော်ဖီ (Myanmar Coffee) ကိုကမ္ဘာ့ဈေးကွက်တွင် အခိုင်အမာ နေရာတစ်ခု ရရှိစေရေး၊ အစိုးရ၊ လုပ်ငန်းရှင်များ လက်တွဲညီညီဆောင်ရွက်မည်

ဆက်လက်ပြောကြားရာတွင် ယခင်တပ်မတော်အစိုးရလက်ထက်မှစ၍ ကော်ဖီ စိုက်ပျိုးမှုစီမံကိန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင်လည်း ကော်ဖီစိုက်ပျိုးမှု လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ယခင်က ဥရောပနိုင်ငံများတွင်သာ ကော်ဖီစိုက်ပျိုးမှုနှင့် သောက်သုံးမှုများ ပြားခဲ့သော်လည်း လက်ရှိအချိန်တွင်  အာရှနိုင်ငံများ၌လည်း အဓိကထား စိုက်ပျိုး သောက်သုံးလာကြသည်ကိုတွေ့ရှိရကြောင်း၊ ပြင်ဦးလွင်ကော်ဖီသည် ယခင်ကတည်း ကပင် အနံ့အရသာနှင့် ပြည့်စုံပြီး နာမည်ရရှိပြီးဖြစ်သည့် ကော်ဖီအမျိုးအစား တစ်ခုဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးရာတွင် အရိပ်ရနှင့် အရိပ်မဲ့ စိုက်ပျိုးမှု ဟူ၍ရှိပြီး မိမိတို့ နိုင်ငံ၌ ရာသီဥတုပြောင်းလဲလာမှုကို ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောသစ်ပင် စိမ်းလန်းစေရေးအတွက် ရည်ရွယ်၍ အရိပ်ရ ကော်ဖီစိုက်ပျိုးရန် ပြင်ဦးလွင်မြို့နယ်၌ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း။

ထိုသို့ မြေဧရိယာများ ချမှတ်ပေးခဲ့ရာတွင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်များရှိသကဲ့သို့ လုပ်ငန်းဆောင်ရွက်မှု မရှိသည်များလည်း ရှိကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းဆောင်ရွက်မှု မရှိသည်များကို စည်းကမ်းနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ခြင်းရှိသော်လည်း တရားမဲ့နေထိုင်မှုများ၊ သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်နစ်နာပျက်စီးခဲ့မှုများကို ပြန်လည်စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျူးကျော်မှုများဖြစ်ပေါ်ခြင်းသည် သတ်မှတ်ကာလ အတွင်း စိုက်ပျိုးဧရိယာအတွင်း၌ လုပ်ငန်းဆောင်ရွက်မှု မရှိခဲ့ခြင်းကြောင့်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့်လည်း မှန်မှန်ကန်ကန် အသုံးချဆောင်ရွက်ရန်လိုကြောင်း၊ စည်းကမ်းနှင့် မညီညွတ်သည့် ခွင့်ပြုမြေဧရိယာများကို ပြန်လည်သိမ်းဆည်းပြီး နောက်ပိုင်းတွင်လည်း စနစ်တကျ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ကော်ဖီစီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူ၍ အောင်မြင်မှုရှိအောင် ကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ဦးစီးဌာန များအနေဖြင့် လုပ်ငန်းများတစ်ခုနှင့်တစ်ခု ဆက်စပ်၍ မူဝါဒများ ချမှတ် အကောင် အထည်ဖော်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းများကို ဆောင်ရွက်နိုင်ရသည် ဖြစ်သဖြင့် ရုံးလုပ်ငန်းဆိုင်ရာများကို စနစ်တကျလုပ်ဆောင်ကြ ရမည်ဖြစ်ကြောင်း။

ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ သာမာန်စိုက်ပျိုးမှုဖြင့် ကျေနပ်နေ၍မရဘဲ စနစ်ကျနသည့် စိုက်ပျိုးမှုစနစ်ရှိရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် သွင်းအားစုများကို လည်း မှန်မှန်ကန်ကန် ထည့်သွင်းရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးမှသာလျင် အရည်အသွေးကောင်းမွန်သည့် ကော်ဖီရရှိမည်ဖြစ်ပြီး ကော်ဖီထုတ်ကုန်များ ဈေးကွက် ရရှိရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ လိုအပ်သည့် အရင်းအနှီးများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် အမှန်တကယ် အောင်မြင် ပြီး မြန်မာ့ကော်ဖီ(Myanmar Coffee Brand)ကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင် ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

ကော်ဖီစိုက်ပျိုးမှုတွင် Robusta နှင့် Arabica ကော်ဖီမျိုးဟူ၍ရှိကြောင်း၊ ကော်ဖီ စိုက်ပျိုးခြင်းလုပ်ငန်းသည် အရင်းအနှီးများ၍ ကာလရှည်လုပ်ငန်း ဖြစ်သည့်အတွက် အောင်မြင်အောင်လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကို အမြဲ မပြတ်လေ့လာနေရန်လိုကြောင်း၊ အထွက်နှုန်းကောင်းမွန်ရန်၊  Quality Product ဖြစ်ရန်၊ ဈေးကွက်ရရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုကို အနှောင့် အယှက်ပေးနေမှုများနှင့် ဒေသလုံခြုံရေးကို  ထိခိုက်ပျက်စီးစေရေး လုပ်ဆောင်နေမှု များကို လက်ခံ၍ရမည်မဟုတ်ဘဲ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံ များအားလုံး လက်တွဲညီညီဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ဒေသထုတ်ကုန်၊ ထွက်ကုန် များကို ပြည်တွင်း၊ ပြည်ပ ဈေးကွက်အတွင်း အဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချ၍ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံ တော်၏ စီးပွားရေး ကောင်းမွန်မှုကို ဖြစ်ပေါ်စေရန် နိုင်ငံနှင့် အဝန်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ယခင်အပတ်ကပင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နောင်တရားမြို့နယ် ၌  လက်ဖက်အချိုခြောက်နှင့် သစ်သီးအခြောက်ခံစက်ရုံကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ ပြီး ဒေသအတွင်းအလုပ်အကိုင် အခွင့်အလမ်းများ  ပိုမိုတိုးတက်ရရှိလာစေရန်၊ တောင်သူများ၏လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာစေရန် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ ရရှိလာသည့် အကျိုးကျေးဇူးများမှတဆင့် နိုင်ငံတော် သာယာဝပြောရေး၊ စားရေရိက္ခာပေါများဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ ၏ အခန်းကဏ္ဍနှင့် ပုဂ္ဂလိက အခန်းကဏ္ဍဟူ၍ ရှိပြီး အစိုးရက လိုအပ်သည်များ ကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်း များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

မိမိမြို့၊ မိမိဒေသ အတွက် မိမိတို့ကိုယ်တိုင် ကြိုးစားရမည်ဟူသည့် စိတ်ဖြင့် ဆောင်ရွက်ကြစေလို

ပြင်ဦးလွင်ဒေသနှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့သည် အေးမြပြီး သစ်ပင်ပန်းမန် များဖြင့် ရောင်စုံလှပသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ဥတုသုံးပါးလုံး၌ လာရောက် အပန်းဖြေသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း၊ အိမ် သာ ၍ ဧည့်လာခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသသို့လာရောက်သည့် ခရီးသွား များအနေဖြင့် ကော်ဖီခြံများသို့ လာရောက်လေ့လာလည်ပတ်စေခြင်းဖြင့်လည်း ဒေသ ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း တိုးတက်လာခြင်းသည် ဒေသခံများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်မည်ဖြစ်သ ဖြင့် ဒေသ၏ သန့်ရှင်းသာယာလှပရေးကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူ များအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပြီး သန့်ရှင်း သပ်ရပ်၍ မျက်စိပသာဒဖြစ်သည့် နေချင့်စဖွယ်မြို့တော်ဖြစ်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ မိမိမြို့၊ မိမိဒေသ အတွက် မိမိတို့ကိုယ်တိုင် ကြိုးစားဆောင်ရွက် မည်ဟူသည့်စိတ်ဖြင့် စည်းကမ်းတကျ ဆောင်ရွက်ကြစေလိုကြောင်း၊ စည်းကမ်းတွင် တိုက်တွန်းချက် စည်းကမ်းနှင့် တားမြစ်ချက်စည်းကမ်းဟူ၍ရှိပြီး ဒေသခံများအနေဖြင့် စည်းကမ်းစနစ်တကျရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြ ရန် လို ကြောင်း၊ မိမိတို့ဒေသ၏ ရှေးယခင်ကတည်းကပင် ရှိခဲ့သည့် ကောင်းမွန်သည့် နာမည် ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ရှေးဟောင်း သမိုင်းဝင်အဆောက်အဦများကိုလည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက် ရမည်ဖြစ်ပြီး ပြင်ဦးလွင်မြို့၏ နိုင်ငံတကာကသိရှိထားသည့် ကောင်းမွန်သည့် နောက်ခံသမိုင်း ကြောင်းများ ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ဒေသခံများနှင့် ဒေသသို့ လာရောက်ကြသူများအားလုံး စည်းကမ်းစနစ်တကျရှိမည်ဆိုပါက ဒေသ သာယာ လှပရေးကို အမြဲမပြတ်ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဒေသ၌ နေထိုင်သူများ က စံနမူနာပြဖြင့် စည်းကမ်းစနစ်တကျနေထိုင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်း သတင်းရရှိသည်။