သင်္ကြန်ကာလအတွင်း အလှူပွဲများ ကျင်းပမည်ဖြစ်၍ ငါးခြောက် အရောင်းအဝယ် ကောင်းမွန်လာ

သင်္ကြန်ကာလအတွင်း အလှူပွဲများ ကျင်းပမည်ဖြစ်၍ ငါးခြောက် အရောင်းအဝယ် ကောင်းမွန်လာ

သင်္ကြန်ကာလအတွင်း   အလှူပွဲများ ကျင်းပမည်ဖြစ်၍  ငါးခြောက်အရောင်း အဝယ် ကောင်းမွန်လာကြောင်း   ငါးပိ ငါးခြောက ထုတ်လုပ်ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ ဧပြီလဆန်းပိုင်းကစပြီး   ငါးခြောက် အရောင်းအဝယ်ကောင်းလာတယ်။ သင်္ကြန်ကာလမှာ  ရှင်ပြုအလှူတွေ၊  စတုဒိသာ အလှူတွေလုပ်ကြတော့  ငါးခြောက်တွေ ရောင်းအား ကောင်းလာတာပါ။   အခု ပင်လယ်ငါးဖမ်းရာသီ ပိတ်သိမ်းချိန်ဆိုတော့ ကုန်ကြမ်းက ရှားတယ်။ ဒီနှစ်က ငါးခြောက်လည်းရှားပြီး ပုစွန်ခြောက်လည်း ရှားတာကြောင့် ဈေးနည်းနည်း တက်တာပါ ” ဟု  ၎င်းကပြောသည်။

လက်ရှိတွင် ပင်လယ်ငါးဖမ်းရာသီပိတ် သိမ်းချိန်ဖြစ်သည့်အတွက် ငါးခြောက်ကုန် ကြမ်းရရှိမှု နည်းသည့်အပြင် သင်္ကြန်ကာလ ငါးခြောက်ဝယ်လိုအား များသည့်အတွက် ငါးခြောက်ဈေး အနည်းငယ်မြင့်တက်လာ ကြောင်း သိရသည်။

ရန်ကုန်ဈေးကွက်၌ ငါးခြောက်ဈေးနှုန်း အနေဖြင့်  ငါးကွမ်းရှပ်တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၀၊ ငါးရောင်အကြီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၃၀၀၀၊ ငါးဇာ ပြတ် အလတ် တစ်ပိဿာလျှင်   ငွေကျပ် ၁၆၀၀၀၊   ငါးပုပ်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၀၊ ငါးပြေမတစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၀၊ ကကူရံ ငါးပုပ်ခြောက် တစ်ပိဿာလျှင်   ငွေကျပ် ၄၀၀၀၀၊ ငါးကျွဲရင် (ငါးပုပ်ခြောက်) တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀၀၊ ငါးအကြီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀၊ ကကူရံခြောက်တစ်ပိဿာ လျှင်  ငွေကျပ်  ၂၅၀၀၀၊  ငါးလင်းရှူးတစ် ပိဿာလျှင် ငွေကျပ် ၃၅၀၀၀၊ ငါးပြားခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀၀၊ ငါးလိပ် ကျောက်အချိုခြောက် တစ်ပိဿာလျှင်  ငွေ ကျပ် ၂၆၀၀၀၊ ငါးပုတ်သင်ပြား တစ်ပိဿာ လျှင် ငွေကျပ် ၁၇၀၀၀၊ ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀၊ ငါးမည်း လုံးတစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀၊  ငါး ကျီးကန်းတစ်ပိဿာလျှင်  ငွေကျပ်  ၈၀၀၀၊ ငါးရောင်ကြီးတစ်ပိဿာလျှင်  ငွေကျပ် ၂၀၀၀၀၊ ငါးရောင်လတ် တစ်ပိဿာလျှင် ငွေကျပ်  ၁၅၀၀၀၊  ကင်းမွန်ခြောက်တစ် ပိဿာလျှင် ငွေကျပ် ၄၀၀၀၀၊ ပုစွန်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၂၀၀၀ စသည် ဖြင့် ဈေးနှုန်းအသီးသီး ရှိကြောင်း သိရသည်။

ငါးခြောက်ဈေးကွက်အနေဖြင့် ပွင့်လင်း ရာသီတွင် အလှူပွဲများအတွက် ငါးခြောက် ဝယ်ယူမှုများလာသဖြင့် ရောင်းအားကောင်း မွန်လာကြောင်း သိရသည်။