သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဆောင်ရွက်မည့် အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဆောင်ရွက်မည့် အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီလ ၁၄ ရက်

နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်း၊ သင်္ကြန်ကာလအတွင်း အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ် ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၁ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်၊ မြန်မာ ပလာဇာ၊ မြေညီထပ်ရှိ Harry’s Bar ဝင်/ထွက်ပေါက်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ သဖြင့် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။ ဧပြီလ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်းတွင် မသင်္ကာဖွယ် လူ ၃ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန် ရပ်တန့်ခိုင်းစဉ် ၎င်းတို့မှ အသင့်ယူဆောင်လာသော သေနတ်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ပြန်လည်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ ခန့်ကြည်သာ(၂၅)နှစ်၊ ဟိန်းထက်နိုင် (၁၇)နှစ်နှင့် တင့်ထူးနိုင်(ခ)ဂူးဂူး(၁၈)နှစ်တို့ ၃ ဦးအား Sig Sauer အမျိုးအစား ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊  ၉ မမကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး ၃ လုံးတို့နှင့်အတူ ဒဏ်ရာ များဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒဏ်ရာရရှိထားသော တရားခံ တင့်ထူးနိုင်(ခ)ဂူးဂူး အား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိ တရားခံ ဟိန်းထက်နိုင်၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သီတာလမ်းသွယ်(၅)ရှိ ၎င်း၏ နေအိမ်၌ လက်လုပ်မိုင်းများ သိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေ ခဲ့ရာ Remote လက်လုပ်မိုင်း ၃ လုံးအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ၂ ဦးအား Sig Sauer အမျိုးအစား ပစ္စတို ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၁၆ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ Remote လက်လုပ်မိုင်း ၃ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဟိန်းထက်နိုင်သည် အစ်မ ဖြစ်သူ ဖမ်းဆီးရန်ကျန် တရားခံ ဟန်နီဝင်း နှင့်အတူ KNLA တပ်မဟာ(၇)၊ ရင်း(၁၀၁)၌ ဧပြီလတွင် ၁ ကြိမ်၊ ဇွန်လတွင် ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းများ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ CRPH၊ NUG အကြမ်းဖက် အဖွဲ့များ၏ စေခိုင်းမှုဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် မဟာသင်္ကြန်ပွဲတော်အကြိုကာလအတွင်း အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာ ၃ နေရာတွင် အကြမ်းဖက်ဖောက်ခွဲမှုများနှင့် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း -

  • ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး၌ YBS ယာဉ် ၁ စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း။
  • မတ်လ ၂၅ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ KBZ ဘဏ်ခွဲ(၃)မှ ATM စက် ၁ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း။
  • ဧပြီလ ၁၁ ရက်တွင် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရား လမ်းနှင့် စက်မှု(၁)လမ်းထောင့်၊ မြန်မာပလာဇာ၊ မြေညီထပ်ရှိ Harry’s Bar အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မဟာသင်္ကြန်ပွဲတော်ကာလ အတွင်း အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာ ၃ နေရာတွင် အကြမ်းဖက်ဖောက်ခွဲ မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း-

  • မြောက်ဉက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်း။
  • မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆာန်ဉယျာဉ်။
  • တာမွေမြို့နယ်၊ ဖိုးစိန်လမ်းရှိိ လျှပ်စစ်ရုံးတို့အား အကြမ်းဖက်ဖောက်ခွဲရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန် ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများပေးအပ်ချီးမြှင့်လျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။