နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် စစ်တွေမြို့ လုံးကျွတ် ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်နှင့် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများသို့ တက်ရောက်ပြီး စစ်တွေတပ်နယ် လေးဝတီသင်္ကြန် မဏ္ဍပ်ယိမ်းအဖွဲ့ အကများ၏ ဖျေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် စစ်တွေမြို့ လုံးကျွတ် ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်နှင့် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲများသို့ တက်ရောက်ပြီး စစ်တွေတပ်နယ် လေးဝတီသင်္ကြန် မဏ္ဍပ်ယိမ်းအဖွဲ့ အကများ၏ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှု

နေပြည်တော်၊ ဧပြီ ၁၄

စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်း တွင် စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ရေလောင်းမဏ္ဍပ်၌ ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ သင်္ကြန်ယိမ်းအဖွဲ့ သမီးပျိုလေးများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက စစ်တွေမြို့ လုံးကျွတ် ရခိုင်ရိုးရာသင်္ကြန် ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။ ထို့နောက်  စစ်တွေမြို့ လုံးကျွတ်ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဌက ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က သင်္ကြန်ပွဲတော် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း ၂၅၀ ကို ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီသို့ ထောက်ပံ့ပေးအပ်ပြီး သင်္ကြန်ယိမ်းအကအဖွဲ့ များ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။ ၎င်းနောက် အဖွဲ့ဝင်များသည် ရခိုင်ရိုးရာ သင်္ကြန်ရေလောင်းမဏ္ဍပ်တွင် လောင်းလှေကြီးများဖြင့် ကျင်းပပြုလုပ်သည့် အတာသင်္ကြန်အား  ပါဝင်ဆင်နွဲ၍  အတာ ရေများ ပက်ဖြန်းကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများသည် စစ်တွေမြို့ရှိ ပြည်နယ် အထေွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်္ကြန်ယိမ်း အက အဖွဲ့တို့က သင်္ကြန်ပန်းကုံးများဖြင့်  ကြိုဆိုနှုတ်ဆက်ကြသည်။  ၎င်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက သင်္ကြန်မဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သင်္ကြန်ယိမ်းအက အဖွဲ့များ၏ သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အတာသင်္ကြန်ပွဲတော်မဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စစ်တွေမြို့ရှိ ရေကစား မဏ္ဍပ် အသီးသီးနှင့် ရေပက်ခံမော်တော်ယာဉ်များဖြင့် ဒေသခံပြည်သူများမှ အတာ သင်္ကြန်ပွဲတော်အား ပျော်ရွင်အေးချမ်းစွာ ဆင်နွဲနေမှုအား လှည့်လည်ကြည့်ရှုသည်။ ထို့နောက် စစ်တွေတပ်နယ်တွင် ကျင်းပသည့် လေးဝတီသင်္ကြန်မဏ္ဍပ်သို့ သွားရောက်ကာ စစ်တွေတပ်နယ်နှင့် ဌာနဆိုင်ရာ သင်္ကြန်ယိမ်းအကအဖွဲ့ ဖျော်ဖြေတင်ဆက်မှုများ၊ ရုပ်ရှင် သရုပ်ဆောင် နေထက်လင်း နှင့် ရခိုင်တေးသံရှင်များ၏ တေးသီချင်း သီဆိုဖျော်ဖြေ တင်ဆက်မှုအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် သည်။ ဆက်လက်၍ အဖွဲ့ဝင်များသည် စစ်တွေမြို့ ဦးဥတ္တမပန်းခြံရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်သို့ သွား ရောက်၍ သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ရုပ်ရှင်/သရုပ်ဆောင် အဆိုတော် ဘုန်းလျှံနှင့် ရခိုင်တေးသံရှင်များ၏ တေးသီချင်း သီဆိုဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။