နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်သို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ - ၁၄

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကျနေ့ ဖြစ်သည့် ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစု ရေသဘင် မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွဲနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် စစ်တက္ကသိုလ်မိသားစုအတာရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများက သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေ မှုများ၊ ဗိုလ်လောင်းများ၏ တေးသီချင်းများ သီဆိုဖျော်ဖြေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ ဗိုလ်လောင်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေကြသည့် ဗိုလ်လောင်းများနှင့် စစ်တက္ကသိုလ်မှ အရာရှိကြီးများအား အတာရေများ ပက်ဖျန်းကြ ကြောင်းနှင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစု များအား ဂုဏ်ပြုဆုငွေများ‌ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တပ်မတော်နည်းပညာတက္ကသိုလ်မိသားစု အတာ ရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြပြီး မိသားစုသင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေ မှုများ၊ ဗိုလ်လောင်းများ၏ တေးသီချင်းများ သီဆိုဖျော်ဖြေမှုများနှင့် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင် ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေကြသည့် ဗိုလ်လောင်းများနှင့် နည်းပြအရာရှိကြီးများအား အတာရေများပက်ဖြန်းပေးခဲ့ ကြကြောင်းနှင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများအား ဂုဏ်ပြုဆုငွေများ‌ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိ သည်။