ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံ တောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင် မြင်ဖြစ်ထွန်းလျက်ရှိပြီး    ရာသီဥတုအပူဒဏ်ကြောင့် ထိခိုက်မှု မရှိစေရေးအတွက်   ရေစုပ်စက်များဖြင့်  နေ့စဉ်ရေဖျန်းပေးနေ ရကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက် ကျေးရွာမှ   နွေနှမ်းစိုက်ပျိုးသူများ၏ ပြောကြားချက်အရ သိရသည်။

ပွင့်ဖြူမြို့နယ်  ဆည်မြောင်းနှင့်  ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည် မှ  ဆည်ရေကို  မတ်  ၁ ရက်ကစပြီး တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေ စိုက်ခင်းများ အရောက် စနစ်တကျဖြန့်ေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက ဆည်ရေရရှိသည့်အချိန်တွင် နွေသီးနှံ စိုက်ပျိုးဧက လျာထားချက်ပြည့်မီရေး အတွက် မိမိတို့၏ လယ်ယာမြေများကို ထယ်ရေးညက်အောင် ထွန်ယက်ခြင်း၊ မြေသြဇာကျွေးခြင်းနှင့် အမှိုက်သရိုက်နှင့် ပေါင်းများရှင်းလင်းခြင်း   လုပ်ငန်းများကို ဆောင်ရွက်ကာ နွေနှမ်းကို အချိန်မီစိုက်ပျိုး ခဲ့ကြသဖြင့် ယခုအခါ ဒေသခံတောင်သူ များ  စိုက်ပျိုးထားသည့်  နွေနှမ်းစိုက်ခင်း များမှာ   အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

“ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်မှာ ဒေသခံ တောင်သူတွေ   မဲဇလီရေလွှဲဆည်ရေနဲ့ စိုက်ပျိုးတဲ့  နွေနှမ်းစိုက်ခင်းတွေ အပင် ပေါက်ကောင်းမွန်ပြီး အောင်မြင်ဖြစ်ထွန်းမှု ရှိပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းရာသီဥတု အပူချိန်မြင့်တက်မှုကြောင့် နွေနှမ်းစိုက်ခင်း တွေ ထိခိုက်ပျက်စီးမှုမရှိအောင် ဒေသခံ တောင်သူတွေက ရေစုပ်စက်တွေနဲ့ နေ့စဉ် ရေဖျန်းပေးနေပါတယ်။    ဒီနှစ်မှာတော့ ဆည်ရေ အဝင်နည်းတဲ့အတွက်  နွေနှမ်း အတွက်ကိုပဲ ဆည်ရေပေးဝေနိုင်တာဖြစ် လို့ တောင်သူတွေက နွေနှမ်းကိုပဲ အားထား စိုက်ပျိုးကြပါတယ်။ ကျွန်တော်တို့ဒေသက နွေစပါးရော  နွေနှမ်းပါ  စိုက်ပျိုးအောင် မြင်ဖြစ်ထွန်းမှုရှိလို့  သီးနှံပေါ်ချိန်  ဈေး ကောင်းရရှိဖို့အတွက်ကိုပဲ    မျှော်လင့်ပါ တယ်” ဟု   ပွင့်ဖြူမြို့နယ်  ညောင်ပင်စောက်ကျေးရွာမှ  နွေနှမ်းစိုက်ပျိုးသူ ဦးကျော်ဆန်းက ပြောသည်။

ပွင့်ဖြူမြို့နယ်၌  ယခုနှစ် နွေသီးနှံစိုက် ပျိုးရာသီတွင်   မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း ၆၀၄၂၈ ဧက၊ မင်းဘူး(စကု)မြို့ နယ်အတွင်းရှိ အိုင်းမရေလွှဲဆည်ရေဖြင့် နွေနှမ်းဧက  ၅၀၀  စုစုပေါင်း နွေနှမ်းစိုက်ဧက  ၆၀၉၂၈ ဧက  စိုက်ပျိုးထားကြောင်း  သိရသည်။