ပါကစ္စတန်၌ အမျိုးသမီးတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်

ပါကစ္စတန်နိုင်ငံရှိ ခွဲထွက်ရေးအဖွဲ့တစ်ဖွဲ့မှ အမျိုးသမီးတစ်ဦးသည် ဧပြီ ၂၆ ရက် တွင် ကရာချိတက္ကသိုလ်မှဝန်ထမ်းများကို တင်ဆောင်လာသည့် ကားသေးတစ်စီးကို အသေခံဗုံးခွဲတိုက်ခိုက်ရာ လူလေးဦးသေဆုံးကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးပြည်နယ် ဖြစ်သည့် ဘာလိုချီစတန်ပြည်နယ်ရှိ ခွဲထွက် ရေးအဖွဲ့များအနက်   တစ်ဖွဲ့ဖြစ်သော ဘာလို့(ချ်)လွတ်မြောက်ရေးတပ်မတော်က ထိုတိုက်ခိုက်မှုကို  ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း    အတည်ပြု ပြောဆိုထားသည်။

ယခုပြုလုပ်သည့် အသေခံဗုံးခွဲတိုက်ခိုက်မှုသည် အဆိုပါအဖွဲ့အတွက် အမျိုးသမီးက ပြုလုပ်သည့်    ပထမဆုံး အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ကြောင်း ထိုအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ အသေခံ ဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသူလေးဦးအနက်   တစ်ဦးသည် ယာဉ်မောင်းဖြစ်ပြီး    ကျန်သုံးဦးသည် တက္ကသိုလ်မှ  ဝန်ထမ်းများဖြစ်သည်ဟု ပါကစ္စတန်တာဝန်ရှိသူများက  အတည်ပြုထားသည်။

အသေခံဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်သည့် အမျိုးသမီးသည် တက္ကသိုလ်ဝင်ပေါက် တွင်ရပ်ကာ အဆိုပါကားကို စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း၊ ကားကတစ်မီတာ အကွာအဝေးအတွင်း ရောက်ရှိစဉ် အမျိုးသမီးက အသေခံဗုံးခွဲ တိုက်ခိုက်လိုက်ခြင်း ဖြစ်ကြောင်း စောင့်ကြည့်ကင်မရာတွင် မှတ်တမ်းတင်ထားမှုအရ သိရသည်။

Ref: CNA