ရုရှားက ယူကရိန်းမှဒုက္ခသည် တစ်သန်းကို ကယ်ဆယ်ထားပြီး ဖြစ်ဟုဆို

ရုရှားအစိုးရအနေဖြင့် ယူကရိန်းအထူးစစ်ဆင်ရေးစတင်သော ဖေဖော်ဝါရီ ၂၄ ရက်မှစ၍  ယူကရိန်းနိုင်ငံမှ  ဒုက္ခသည် တစ်သန်းကို ကယ်ဆယ်ထားပြီး ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဧပြီ ၃၀ ရက်တွင်ပြောသည်။

အတိအကျဆိုရလျှင် နိုင်ငံခြားသား ၁၂၀၀၀၀ အပါအဝင် လူပေါင်း ၁ ဒသမ ၀၂ သန်းကို ကယ်ဆယ်ပေးထားကြောင်း လက်ရော့ကပြောသည်။

ထို့ပြင်   ၎င်းတို့ကို   ရုရှားနိုင်ငံသို့ ကယ်ဆယ်ပေးရန် တောင်းဆိုထားသူ ၂ ဒသမ ၈ သန်းရှိသေးကြောင်း လက်ရော့က သတင်းဌာနတစ်ခု၏ မေးမြန်းမှုကို ပြန်ဖြေထားသည်။ အလားတူ  အမေရိကန်နှင့် အနောက်အုပ်စုဝင် နိုင်ငံများက   ယူကရိန်းနိုင်ငံသို့  လက်နက်များ   ပေးပို့ခြင်းနှင့်ပတ်သက်၍လည်း   လက်ရော့က သတိပေးထားသည်။

အမေရိကန်နှင့် NATO တပ်ဖွဲ့တို့အနေဖြင့်  ယူကရိန်းပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းရေးအတွက် အမှန်တကယ် စိတ်ဝင်စားပါက   ယူကရိန်းသို့လက်နက်များပေးပို့မှုကို     ရပ်တန့်သင့်ကြောင်း လက်ရော့ကပြောသည်။

၎င်အပြင်  NATO တပ်ဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းအစိုးရကို ထောက်ပံ့ရေးအတွက်  လူသိရှင်ကြား ထုတ်ဖော်ပြော ခြင်းအားဖြင့် ယူကရိန်း ပဋိပက္ခကို  နိုင်ငံရေးနည်းလမ်းဖြင့် ပြေလည်အောင်ဖြေရှင်းမှု မှန်သမျှကို ဟန့်တားနေကြောင်း  လက်ရော့က ပြောသည်ဟု သိရသည်။    

Ref:CNA