ယနေု့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ပိုးတွေ့လူနာ ၁၁၄၂ ဦး ထပ်တိုး

နေပြည်တော် အောက်တိုဘာ ၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၁၁၄၂ ဦးနှင့် သေဆုံးသူ ၃၂ ဦး ထပ်တိုးကြောင်းသိရသည်။

(၁-၁ဝ-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ ၁ဝ၁ဝ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှု အခြေအနေကို ယနေ့ည ၆ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁-၁ဝ-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၂-၁ဝ-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၈၉၅ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၁၄၂ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။