အွန်လိုင်းမီဒီယာများက ကမ္ဘာကြီးတွင် သဘောထားကွဲလွဲမှုများနှင့် တင်းမာမှုများ ဖြစ်စေရန် မီးထိုးပေးနေ

စည်းကမ်းဖြင့်ထိန်းသိမ်းထားခြင်းမရှိသော အွန်လိုင်းမီဒီယာများသည် သတင်းတုများနှင့် ဝါဒဖြန့်မှုများကို ဖြန့်ဖြူးနေသောကြောင့် ကမ္ဘာတစ်ဝန်းတွင် နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများနှင့် တင်းမာမှုများ ဖြစ်စေရန် မီးထိုးပေးနေကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့က မေ ၃ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် သတင်းတုများဖြန့်ဖြူးနေသော လူမှုမီဒီယာများကြောင့်  ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းများတွင်  အက်ကြောင်းများ ပိုမိုဖြစ်ပေါ်လာကြောင်း  ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့သော  အနေအထားတွင် တစ်ဖက်နှင့်တစ်ဖက် သဘောတူညီချက်မရနိုင်ဘဲ ဆန့်ကျင်ဘက် အစွန်းနှစ်ရပ်သို့ အလှမ်းဝေးကွာသွားခြင်းက တင်းမာမှုများကို ပိုမိုမြင့်တက်စေခြင်း ဖြစ်သည်။

ထို့ကြောင့်   နိုင်ငံများအနေဖြင့် ဒီမိုကရေစီဆန်သော  အွန်လိုင်းသတင်းပြန်ကြားရေးနေရာများကို  ကာကွယ်နိုင် ရေးအတွက်  သင့်လျော်သည့် ဥပဒေကြောင်းအရ ဖြစ်သော မူဘောင်များကိုချမှတ်ရန် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ အတွင်းရေးမှူးချုပ် ခရစ္စတိုဒီလွိုင်းယားက ပြောသည်။

အဆိုပါအဖွဲ့၏  သတ်မှတ်ချက်အရ နိုင်ငံပေါင်း ၁၈၀ အနက် ၂၈ နိုင်ငံရှိအခြေအနေသည် အလွန်ဆိုးဝါး နေကြောင်း တွေ့ရသည်။ နယ်စည်းမခြားသတင်းထောက်များ အဖွဲ့သည် နိုင်ငံရေးအခြေအနေ၊ ဥပဒေကြောင်းအရ မူဘောင်၊ စီးပွားရေးအခြေအနေ၊ လူမှုယဉ်ကျေးမှု အခြေအနေနှင့်   လုံခြုံရေး အခြေအနေတို့အပေါ် မူတည်ပြီး   ယခုကဲ့သို့ အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။

Ref: The Australian