(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်

(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်

နေပြည်တော်   မေ  ၄

(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အမှတ်(၂) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ နေပြည်တော်နှင့် တပ်မတော်အရိုး  ရောဂါအထူးကု ဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်တို့၌ မေ ၉ ရက်မှ ၁၁ ရက်အထိ Online စနစ်ဖြင့် Virtual Conference အဖြစ် ကျင်းပမည်ဖြစ်သည်။

အဆိုပါဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် သုတေသန စာတမ်းပေါင်း ၇၆ စောင်၊ သုတေသန လုပ်ဆောင်ချက် ပိုစတာ ၇၄ ခု၊ Symposium of the Conference တစ်ခု၊ Major Symposium တစ်ခု၊ Symposium ၂၅ ခု၊ Clinicopa- thological Conference  တစ်ခု၊ Clinical Session  တစ်ခု၊ Talk  ၁၃ ခု၊ Building Share Vision in Myanmar Military Practice တစ်ခု၊ Debate  တစ်ခုတို့ကို ပြည်တွင်း/ပြည်ပမှ သုတေသီများ၊ ဆေး ဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူ/ဆေးမှူးများနှင့် သူနာပြုများက ဖတ်ကြားတင်သွင်း ဆွေးနွေး ကြမည်ဖြစ်သည်။

ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ သို့ တက်ရောက်လိုသည့် ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများနှင့် သူနာပြုများ အနေဖြင့် နှီးနှောဖလှယ်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို www.dsmrdc.orgတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး Registration  ပြုလုပ်၍ နှီးနှောဖလှယ်ပွဲသို့ တက်ရောက် နိုင်မည်ဖြစ်သည်။