အိန္ဒိယနိုင်ငံက ပြည်သူများကို ဂျုံအစား ဆန်များ ပိုမိုထောက်ပံ့ပေးမည်

အိန္ဒိယနိုင်ငံ၌ အပူလှိုင်းဖြတ်သန်းမှုပြီးပါက အစိုးရအနေဖြင့်    စားနပ်ရိက္ခာ သက်သာချောင်ချိရေး အစီအစဉ်အတွက် ပြည်သူများကို ဂျုံအစား ဆန်များပိုမိုခွဲဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုအစီအစဉ်အရ အစိုးရသည် ဆင်းရဲတွင်းနက်နေသည့် ပြည်သူသန်းပေါင်းများစွာကို     တစ်လလျှင် ဆန် ၅ ကီလိုဂရမ် ထောက်ပံ့သွားမည်ဖြစ်သည်။

ဝန်ကြီးချုပ်   နာရန်ဒရာမိုဒီအစိုးရ၏ ဆင်းရဲသူများသို့ ကောက်ပဲသီးနှံထောက်ပံ့မှု အစီအစဉ်တွင် ဂျုံတန်ချိန် ၁၈ ဒသမ ၂ တန်ထောက်ပံ့ရန်စီစဉ်ထားရာမှ ၇ ဒသမ ၁ သန်းသို့ လျှော့ချလိုက်ရသည်။

ဆန်ခွဲတမ်းကိုမူ မူလသတ်မှတ်ထားသည့် တန်ချိန် ၂၁ ဒသမ ၆ သန်းမှ ၃၂ ဒသမ ၇ သန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ရကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။ ကမ္ဘာပေါ်တွင် ဂျုံထုတ်လုပ်မှု ဒုတိယအများဆုံးဖြစ်သော     အိန္ဒိယနိုင်ငံ၌ မတ်လလယ်ပိုင်းမှစ၍ အပူချိန်ရုတ်တရက် မြင့်တက်မှုကြောင့် ယခုနှစ်တွင် ဂျုံထွက်ရှိမှုကျဆင်းမည့် အလားအလာရှိကြောင်း သိရသည်။                       

Ref: TST