မြောက်ကိုရီးယားက အမြင့်ပျံဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ဟု တောင်ကိုရီးယားစစ်ဘက်ပြော

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ပြုံယမ်းမြို့အနီး ဆူနမ်ဒေသမှနေ၍     အမြင့်ပျံဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်မှ လေ့လာစောင့်ကြည့်ချက်အရ တွေ့ရသည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး၏ ပြောဆိုချက်ကို ကိုးကား၍ Yonhap သတင်းဌာနက မေ ၄ ရက်တွင် ထုတ်ပြန်သည်။

တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယား၏ အမြင့်ပျံပဲ့ထိန်းဒုံး ကျည်ပစ်လွှတ်မှုကို  မေ ၄ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၃ မိနစ်တွင် ထောက်လှမ်း တွေ့ရှိခြင်း ဖြစ်သည်။

ထို့ကြောင့် တောင်ကိုရီးယားစစ်ဘက်သည် မြောက်ကိုရီးယားက လုပ်ဆောင်လာနိုင်သော နောက်ထပ် ပစ်လွှတ်မှုအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ဆောင်သည့် လှုပ်ရှားမှုများကို ခြေရာခံ စောင့်ကြည့် နေကြောင်းနှင့် တိုက်ပွဲဝင်အသင့် အနေအထားဖြင့် ဆက်ရှိနေကြောင်း ပူးတွဲစစ်ဦးစီးချုပ်များ ရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြောက်ကိုရီးယား၏   ဒုံးကျည်သည် အမြင့်ကီလိုမီတာ ၇၈၀ မှနေ၍ အသံထက် ၁၁ ဆမြန်သောနှုန်းဖြင့် ကီလိုမီတာ ၄၇၀ အထိပျံသန်းသွားကြောင်း သတင်းဌာနက ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ယခုနှစ်အတွင်း   ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု ၁၀ ကြိမ်ကျော်လုပ်ဆောင်ကာ ဧပြီ ၁၆ ရက်တွင် နည်းဗျူဟာမြောက် လက်နက်အသစ် တစ်မျိုးကို   စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။                  

Ref: TASS