(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစား အရာရှိကြီး/အရာရှိ(ပါရဂူ၊ ဆေးမှူး၊ သူနာပြု)များအား တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း

(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစား အရာရှိကြီး/အရာရှိ(ပါရဂူ၊ ဆေးမှူး၊ သူနာပြု)များအား တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း

နေပြည်တော်  မေ  ၅

(၂၉)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အမှတ်(၂)တပ်မတော် ဆေးရုံကြီး(ခုတင်- ၁၀၀၀)၊ နေပြည်တော်နှင့် တပ်မတော်အရိုး  ရောဂါအထူးကု ဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တို့ ၌ မေ ၉ ရက်မှ ၁၁ ရက်အထိ Online စနစ်ဖြင့် Virtual Conference အဖြစ် ကျင်းပမည်ဖြစ်သည်။ ဆေးဝန်ထမ်းတပ်ဖွဲ့မှ အငြိမ်းစားယူသွားသော အရာရှိကြီး/ အရာရှိ(ပါရဂူ၊ ဆေးမှူး၊ သူနာပြု)များ အနေဖြင့် နှီးနှောဖလှယ်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို www.dsmrdc.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး www.dsmrdc.org ပြုလုပ်၍ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်နိုင်ပါရန်  ဖိတ်ကြားအပ်ပါသည်။