ဥရောပနိုင်ငံများက ရုရှား၏ ဓာတ်ငွေ့များနေရာကို အစားထိုးနိုင်စွမ်း မရှိဟုဆို

ဥရောပနိုင်ငံများသည် စွမ်းအင်အပြောင်းအလဲမရှိပါက ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့များ နေရာကို အစားထိုးနိုင်စွမ်း မရှိကြောင်း ရှဲကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်   ဘန်ဗန်ဘာဒန်ကပြောသည်။

အာဖရိကနှင့်ဥရောပမြောက်ပိုင်းမှ သဘာဝဓာတ်ငွေ့များ  ပိုမိုတိုးမြှင့်ရောင်းချပေးခြင်းနှင့်အတူ သဘာဝဓာတ်ငွေ့ အရည်များကို တိုးမြှင့်ဝယ်ယူခြင်းသည် ဥရောပဈေးကွက်များရှိ ရုရှား၏စွမ်းအင်နေရာတွင် အစားထိုးရန် ကူညီပေးနိုင်ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် လက်ရှိအသုံးပြုနေသော ရုရှားမှသဘာဝဓာတ်ငွေ့များနေရာတွင် အပြည့်အဝအစားထိုးရန် ပိုက်လိုင်းများမှတစ်ဆင့် သဘာဝဓာတ်ငွေ့များနှင့် သဘာဝဓာတ်ငွေ့အရည်များကို  ပိုမိုတိုးမြှင့်ဝယ်ယူခြင်းဖြင့် မလုံလောက်ကြောင်းနှင့် ထိုအချက်သည်မဖြစ်နိုင်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

ရုရှားနိုင်ငံသည် လက်ရှိတွင် ဥရောပအတွက်လိုအပ်သော ဓာတ်ငွေ့ပမာဏ အများဆုံးကို ထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်ပြီး   ဥရောပကအသုံးပြုသည့်   သဘာဝဓာတ်ငွေ့ပမာဏစုစုပေါင်းအနက် ၄၀ ရာခိုင်နှုန်းကို ရောင်းချပေးနေခြင်း ဖြစ်သည်။

ထိုသို့  ရောင်းချပေးနေသော ဓာတ်ငွေ့များကို ဂျာမနီ၊ ယူကရိန်း အစရှိသော နိုင်ငံများကို ဖြတ်ကျော် သွယ်တန်းထားသည့် လမ်းကြောင်းများမှတစ်ဆင့် ပို့လွှတ်နေခြင်း ဖြစ်ကြောင်း သိရသည်။    

Ref: RT