ရုရှားက အိုဒတ်ဆာမြို့အနီးရှိ ယူကရိန်းစစ်သင်္ဘောတစ်စင်းနှင့် ဗုံးကြဲလေယာဉ်တစ်စင်းကို ဖျက်ဆီး လိုက်နိုင်ဟုဆို

ရုရှားတပ်မတော်အနေဖြင့် ယူကရိန်းနိုင်ငံ  အိုဒတ်ဆာမြို့အနီးရှိ ယူကရိန်းစစ်သင်္ဘောတစ်စင်းကို    ဒုံးကျည်များဖြင့် တိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၈ ရက်တွင် ထုတ်ပြန်သည်။

ရုရှားတပ်ဖွဲ့အနေဖြင့်     ဆိုဗီယက်ခေတ်သုံးဒုံးကျည်တင် ကော်ဗက်စစ်ရေယာဉ် တစ်စင်းဖြစ်သည့် Project 1241 ကော်ဗက်စစ်ရေယာဉ်ကို ဒုံးကျည်များဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ    ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့သည် မေ ၇ ရက် ညပိုင်းတွင် ပင်လယ်နက်ဒေသရှိ မြွေကျွန်းပေါ်မှ ဖြတ်ကျော်ပျံသန်းသော ယူကရိန်းလေတပ်မှ SU-24 ဗုံးကြဲလေယာဉ်နှစ်စင်းနှင့် Mi-24 ရဟတ်ယာဉ်တစ်စင်းတို့ကို ပစ်ချနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တစ်ဆက် တည်း ဖော်ပြထားသည်။

ထို့ပြင် ရုရှားတပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း စုစုပေါင်း ယူကရိန်းစစ်လေယာဉ်   လေးစင်း၊ ရဟတ်ယာဉ် လေးစင်းနှင့်   ချေမှုန်းရေး ရေယာဉ်တစ်စင်းတို့ကို   တိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ကို တွေ့ရသည်။            

Ref: TST