ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း  ၈၄၁၈ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် သုံးဦးတွေ့ရှိ ၊ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၀၄ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း  ၈၄၁၈ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် သုံးဦးတွေ့ရှိ ၊ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၀၄ ရာခိုင်နှုန်းရှိ

နေပြည်တော်  မေ  ၉

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၈-၅-၂၀၂၂ ရက် ည ၈ နာရီမှ ၉-၅-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၄၁၈ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် သုံးဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၀၄ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၀၃၃၄၀၂ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၁၃၀၅၆ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၇ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၁၉၈၁ ဦး ရှိပြီဖြစ်သည်။  ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါဖြင့်  သေဆုံးသူမရှိသဖြင့်  ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၃၄ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။